ရှမ်းပြည်နယ်နဲ့ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့ကိုပြန်ရဖို့စစ်ကောင်စီက ဒီနှစ်ဆန်းပိုင်းကတည်းကထိုးစစ်ဆင်နေပါတယ်။ဇန်နဝါရီလအစကတည်းက ထိုဒေသမှာကရင်နီတော်လှန်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေ နေ့စဥ်တိုက်ပွဲပြင်းထန်နေတယ်။ထိုးစစ်ဆင်လာတာ တလကျော်ကြာသည်အထိတော်လှန်ရေးတပ်တွေက အကောင်းဆုံးခုခံထားနိုင်ပါတယ်။စစ်ကောင်စီဟာ မိုးဗြဲကိုပြန်ရရင်လွိုင်ကော်အထိလမ်းတလျောက်အတားအဆီးမရှိ ထိန်းချုပ်သွားနိုင်မှာဖြစ်ပြီး ထိုမှတဆင့်စစ်အင်အားတွေတိုးချဲ့ကာတော်လှန်ရေးတပ်တွေ ခြေကုတ်ယူထားတဲ့ဒီမော့ဆိုမြို့နဲ့သံလွင်မြစ်အရှေ့ခြမ်းကိုပါ ခြိမ်းခြောက်နိုင်မှာမို့မိုးဗြဲမြို့ကိုထိန်းချုပ်နိုင်ရေးနှစ်ဘက်လုံးကအသည်းအသန် ကြိုးစားနေကြပါတယ်။နေပြည်တော်နဲ့သိပ်မဝေးတဲ့ ကရင်နီပြည်နယ်မှာတော့ တော်လှန်ရေးတပ်တွေဟာခံစစ်အသွင်နဲ့သာ စစ်ကောင်စီကိုရင်ဆိုင်ထားနိုင်ကြတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


