ဒီနေ့ဟာတရုတ်နှစ်ကူးနေ့ပါ။အရင်ကမြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်တရုတ်နှစ်ကူးကို ရုံးပိတ်ရက်သတ်မှတ်မပေးဘူး။အခုမင်းအောင်လှိုင်လက်ထက်ကျမှ တရုတ်ကိုအဖေခေါ်ပြီးရုံးပိတ်ရက်သတ်မှတ်လိုက်တယ်။တရုတ်နှစ်ကူးပွဲကိုတော့ ဒီနိုင်ငံမှာထူးထူးခြားခြားဘာမှမပြုလုပ်ကြပါဘူး။ရန်ကုန်ကတရုတ်တန်းတဝိုက် လောက်သာစည်ကားတာပါ။
ဒါပေမယ့်ဒီနေ့မှာတော့လားရှိုးနဲ့ပတ်သက်တဲ့ သတင်းတပုဒ်ထွက်လာတယ်။လားရှိုးမြို့ကနေMNDAAက အသုတ်လိုက်ဆုတ်ခွာမှာဖြစ်ပြီးလာမယ့် ဇွန်လနောက်ဆုံးထားဆုတ်ခွာမယ်လို့ တရုတ်ကိုယ်စားလှယ်တဦးရှမ်းမြောက်ကတရုတ်နှစ်ကူးပွဲတစ်ခုမှာပြောသွားတယ်။မြေပြင်သတင်းတွေအရလဲ လားရှိုးမှပြန်ဆုတ်ခွာပေးရမှာသေချာသလောက်ရှိတယ်။လက်ရှိမှာတော့လားရှိုးမြို့ကို MNDAAကစီမံအုပ်ချုပ်နေပါတယ်။