စစ်မှုထမ်းဖို့အတွက်အမျိုးသမီးတွေကို ရန်ကုန်ကမြို့နယ်တစ်ချို့မှာစတင်စာရင်းကောက်ခံနေပါပြီ။မိန်းကလေးတွေဆိုတာ ယောကျ်ားလေးတွေလိုကြုံရာကို ပြေးဖို့အဆင်မပြေတာကြောင့် မိဘတွေလဲအတော်စိတ်သောကများနေကြရတယ်။အခုမှစတင်စာရင်းကောက်နေတုန်းဆိုပေမယ့်နောက်သုံးလအတွင်းအမှန်တကယ်ခေါ်ယူမှုတွေရှိလာနိုင်ပါတယ်။
ဒါ့အပြင်ရန်ကုန်စက်မှုဇုန်တွေ၊စက်ရုံတွေက အလုပ်သမားစာရင်းတွေကိုပါ စစ်ကောင်စီကကောက်ခံနေပါတယ်။ထိုအလုပ်သမားတွေဟာအခြေခံလူတန်းစားတွေဖြစ်တာကြောင့် ဘယ်ကိုမှပြေးဖို့မလွယ်ပါဘူး။ဒါကိုသိလို့စစ်ကောင်စီဟာထိုအလုပ်သမားစာရင်းတွေတောင်းနေတာဖြစ်တယ်။
ဒီရက်ပိုင်းပြည်သူတွေကြားမှာ စစ်မှုထမ်းဥပဒေအကြောင်းပဲပြောနေကြတယ်။ဒီကိစ္စဟာအားလုံးနဲ့သက်ဆိုင်နေတဲ့အတွက် ကိုယ်စီလွတ်လမ်းရှာဖို့ကြိုးစားနေရတယ်။ကိုယ့်နိုင်ငံမှာနေတာတောင်ကောင်းကောင်းမနေနိုင်ပဲ အခြားနိုင်ငံတွေကိုထွက်ပြေးရမယ့် ဘဝတွေဖြစ်ကုန်ကြပြီ။