ဧရာဝတီတိုင်းရဲ့နာမည်ကျော်ကမ်းခြေနှစ်ခုဖြစ်တဲ့ ချောင်းသာနဲ့ငွေဆောင်ကမ်းခြေမှာတိုက်ပွဲတွေ နီးကပ်လာတာကြောင့်အပန်းဖြေသူတွေမရှိသလောက် ဖြစ်သွားပြီ။ဒီအချိန်ဟာ လာရောက်လည်ပတ်သူအများအပြားရှိလေ့ရှိတဲ့ကာလဖြစ်ပေမယ့် အခုတော့ထိုကမ်းခြေတွေက ဟိုတယ်တွေလဲပိတ်ကုန်ကြပြီ။ပြီ။ ဒေသခံတွေကတော့အထုတ်ပြင်နေကြပါပြီ။တချို့လဲပုသိမ်မြို့ဘက်ကို ရွေ့ပြောင်းသွားကြတယ်။ရွေ့ပြောင်းသူတွေများလာတာကြောင့် ပုသိမ်မြို့ပေါ်မှာအိမ်ငှားခတွေစျေးတက်ကုန်တယ်။ရခိုင်ပြည်နယ်ကနာမည်ကျော်ငပလီကမ်းခြေဟာလဲ အေအေလက်အောက်ရောက်သွားတာကြောင့်ထိုကမ်းခြေနှစ်ခုသာ ပိတ်လိုက်ရရင်မြန်မာပြည်မှာလည်ပတ်စရာကမ်းခြေဒေသ မရှိသလောက်ဖြစ်သွားမှာပါ။ဘေးရန်ကင်းစွာလည်ပတ်နိုင်တဲ့ဒေသတွေဟာ တနိုင်ငံလုံးမှာတဖြည်းဖြည်းနဲ့နည်းလာပါပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


