တကယ်တော့ မြန်မာပြည်ထဲကလက်နက်ကိုင်၂ဖွဲ့အပစ်ရပ်ဖို့ သဘောတူတာကိုသက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့တွေက ဘာမှမထုတ်ပြန်ပဲတရုတ်နိုင်ငံကသတင်းထုတ်ပြန်တယ်ဆိုတာ နိုင်ငံအတွက်အတော်ရှက်ဖို့ကောင်းပါတယ်။ပိုဆိုးတာက ထိုနှစ်ဖွဲ့မှာတစ်ဖွဲ့ကနိုင်ငံတော်အာဏာယူထားတဲ့စစ်ကောင်စီ ဖြစ်နေတာပါပဲ။တရုတ်ဟာမြန်မာပြည်ရဲ့အချုပ်အခြာအာဏာကို ထိပါးလာတာအတော်တရားလွန်နေပါပြီ။စစ်ကောင်စီကလဲ သူတို့တည်မြဲဖို့အရေးတရုတ်ကို ဘာမဆိုပေးမယ်ဆိုတာမျိုးပါ။ဒီပုံစံအတိုင်းဆိုနိုင်ငံတော်ဟာတဖြည်းဖြည်းနဲ့တရုတ်ရဲ့လက်အောက်ခံ ပုံစံမျိုးရောက်သွားပါလိမ့်မယ်။
အခုလိုMNDAAအနေနဲ့ အပစ်ရပ်လိုက်တာဟာတော်လှန်ရေးအတွက်ရော MNDAAအတွက်ရောကောင်းကျိုးပြုမယ်လို့ ယူဆကြတယ်။အပစ်ရပ်ဖို့သဘောတူလိုက်တဲ့အတွက် စစ်ကောင်စီဟာ MNDAAထိန်းချုပ်ဒေသတွေကိုလေကြောင်းကနေအကြောင်းမဲ့ တိုက်ခိုက်ဗုံးကြဲနေလို့မရတော့ပါဘူး။ဒါကြောင့်ဒေသပြန်လည်ထူထောင်ရေးနဲ့ အင်အားပြန်လည်ဖြည့်တင်းရေးကိုလွတ်လပ်စွာ လုပ်ခွင့်ရသွားမယ်။ဒီလိုနဲ့MNDAAအင်အားတောင့်တင်းလာတာနဲ့အမျှ တော်လှန်ရေးကိုပိုမိုပံ့ပိုးပေးနိုင်မယ်လို့ ယူဆကြတယ်။ဒါကိုမကျေနပ်လို့စစ်ကောင်စီက သေနတ်တချက်ပြန်ဖောက်တာနဲ့သဘောတူညီပျက်ပြယ်ပြီးတိုက်ပွဲကြီးတွေ ပြန်ဖြစ်လာမှာကျိန်းသေတယ်။