ကရင်ပြည်နယ်ကစစ်ကောင်စီလက်အောက်ခံ စောချစ်သူဦးဆောင်တဲ့နယ်ခြားစောင့်တပ်ဖွဲ့BGFကတော့ ကျားမြီးဆွဲမိနေပါပြီ။BGFတွေဟာ မြဝတီမြို့အနီးကရွှေကက္ကိုမြို့သစ်မှာ ကျားဖြန့်လုပ်ငန်းတွေအကြီးအကျယ်လုပ်ကိုင်နေကြတယ်။ပြီးခဲ့တဲ့ရက်တွေက ထိုကျားဖြန့်လုပ်ငန်းတွေဟာ တရုတ်နိုင်ငံကသရုပ်ဆောင်တစ်ယောက်ကို လိမ်လည်ခေါ်ဆောင်သွားကြတယ်။အလိမ်ခံရသူဟာသရုပ်ဆောင်ဖြစ်နေတာကြောင့် ထိုသူဟာထိုင်းမြန်မာနယ်စပ်မှာ ပျောက်ဆုံးသွားတဲ့သတင်းတွေ ပြန့်နှံ့သွားတယ်။ဒါ့ကြောင့်ထိုင်းရဲတပ်ဖွဲ့ကခြေရာခံပြီး ထိုင်းနိုင်ငံရဲချုပ်ကိုယ်တိုင်ကျားဖြန့်လုပ်ငန်းတွေထဲက ထိုတရုတ်နိုင်ငံသားသရုပ်ဆောင်ကိုပြန်လည်ခေါ်ထုတ်ခဲ့ရတယ်။
ဒီအမှုဟာ ဒီမှာတင်ပြီးသွားမှာမဟုတ်ပါဘူး။ထိုသတင်းဟာတရုတ်နိုင်ငံထဲပြန့်သွားတဲ့အတွက် တရုတ်အစိုးရကိုယ်တိုင်ဝင်ပါလာတော့မှာပါ။တရုတ်အစိုးရဝင်ပါလာရင် ထိုင်းအစိုးရကလဲအငြိမ်နေမှာတော့မဟုတ်ပါဘူး။ကျားဖြန့်လုပ်ငန်းကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေတဲ့ BGFအဖွဲ့တွေအတွက်ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။BGFအဖွဲ့ဟာ စစ်ကောင်စီလက်အောက်ခံဖြစ်တဲ့အတွက် ဒီကိစ္စဟာစစ်ကောင်စီအပေါ်လဲ အကျိုးသက်ရောက်မှုရှိလာမှာပါ။ကရင်ပြည်နယ်ကတော်လှန်ရေးအင်အားစုကြီးတစ်ခုဖြစ်တဲ့ KNUကတော့ဒီကိစ္စကိုအခွင့်ကောင်းယူနိုင်ရင် အကျိုးအမြတ်ထွက်နိုင်ပါတယ်။