ပို့ကုန်သွင်းကုန်လောကနဲ့ဆက်သွယ်နေတဲ့ ပြည်တွင်းဆောက်လုပ်ရေးလောကလဲရပ်တန့်လုနီးပါးဖြစ်နေပါတယ်။အဓိကကတော့ ဆောက်လုပ်ရေးအတွက်အခြေခံပစ္စည်းတွေဖြစ်တဲ့ ဘိလပ်မြေတဲ့သံချောင်းတွေ လိုအပ်သလောက်တင်သွင်းခွင့်မရတာကြောင့်ပါ။ထိုပစ္စည်းတွေကိုပြည်ပကတင်သွင်းရတာကြောင့် ဒေါ်လာမကုန်ချင်တဲ့စစ်ကောင်စီဟာဆိပ်ကမ်းတွေ ဂိုဒေါင်တွေမှာမလိုအပ်ပဲလိုက်လံကြပ်မတ်နေတယ်။ဘိလပ်မြေဆိုရင်ပြည်တွင်းမှာ ထွက်ရှိပေမယ့်လဲထုံးကျောက်တောင်တွေခွဲဖို့ ယမ်းကုန်ကြမ်းဝယ်ရခက်နေတဲ့အတွက်စက်ရုံတွေအတော်များများ မလည်ပတ်နိုက်ကြပါဘူး။ထိုယမ်းတွေPDFတွေလက်ထဲရောက်သွားမှာ စစ်ကောင်စီကစိုးရိမ်နေတယ်လေ။ဒါကြောင့်စျေးကွက်ထဲမှာ ဘိလပ်မြေစျေးတွေထိုးတက်နေပြီးတအိတ်ကို ၂၀၀၀၀ကျပ်ဝန်းကျင်ဖြစ်လာတယ်။အာဏာမသိမ်းခင်ကဘိလပ်မြေတအိတ်ကို ၈၀၀၀ကျပ်ဝန်းကျင်သာရှိခဲ့တာပါ။နှစ်သောင်းစျေးနဲ့တောင်လိုသလောက်ဝယ်လို့မရတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းအတော်များများ ရပ်တန့်နေတယ်။စစ်ကောင်စီဟာ တိုင်းပြည်ဘယ်လောက်ပဲဆိုးရွားနေပါစေ သူတို့ရှင်သန်ဖို့ပဲစဥ်းစားမှာဖြစ်တဲ့အတွက်အခြေအနေတွေဟာ ကောင်းလာစရာမရှိသေးပါဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


