လျှပ်စစ်မီးပြသာနာကိုပြည်သူတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းနေရတယ်။ချမ်းသာပြီးငွေကြေးတတ်နိုင်သူတွေကတော့ တနိုင်တပိုင်ဆိုလာစနစ် အိမ်တွေမှာတပ်ဆင်ကြတယ်။ဆိုလာစနစ်ဟာအနည်းဆုံးသိန်းတစ်ရာလောက်ကျသင့်တာကြောင့် တော်ရုံမိသားစုတွေအနားတောင်မကပ်နိုင်ပါဘူး။လူလတ်တန်းစာတွေကတော့ အင်ဗာတာတွေ၊ပါဝါစတေရှင်တွေဝယ်သုံးကြတယ်။ဒီနေရာမှာလဲ သာမန်မီးထွန်း၊တီဗီကြည့်ရတဲ့အင်ဗာတာတစ်စုံဟာ၁၀သိန်းရှိတာကြောင့် လူတိုင်းတတ်နိုင်တဲ့အခြေအနေမှာမရှိပါဘူး။လူများစုဖြစ်တဲ့အခြေခံလူတန်းစားတွေကတော့ အမှောင်ထဲမှာပဲနေကြရတယ်။
ဒီပြသာနာကိုနိုင်ငံတော်အဆင့်ဖြေရှင်းဖို့အတွက် စစ်ကောင်စီဟာဘာမှကြိုးစားအားထုတ်နေတာမတွေ့ရပါဘူး။သူတို့ဖွဲ့ထားတဲ့မီးလင်းရေးကော်မရှင်ကတော့ ကချင်ပြည်နယ်ကမြစ်ဆုံအထက်ပိုင်းမှာရေအားလျှပ်စစ်စီမံကိန်းတွေတည်ဆောက်ဖို့ အဆိုပြုတယ်တဲ့။သူတို့အဆိုပြုတဲ့ဒေသတွေဟာ လက်ရှိအချိန်မှယKIAထိန်းချုပ်ဒေသတွေဖြစ်နေတယ်။စစ်ကောင်စီက ဘယ်လိုစီမံကိန်းတွေအကောင်အထည်ဖော်နိုင်မှာလဲ။စစ်ကောင်စီကတော့ ထုံးစံအတိုင်းအဓိပ္ပါယ်မရှိတာတွေချည်းပြောဆိုနေတယ်။