ရက္ခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ ကျောက်နီမော်ကျေးရွာအား စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအပါအဝင် သေဆုံးသူ ၄၀ ဦးရှိခဲ့ပြီး အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသူများလည်းရှိနေတယ်။ ထိုကျေးရွာမှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်။ ထိုရွာဟာ ကမ်းခြေမှာတည်ထားတဲ့ တံငါရွာလေးဖြစ်တာကြောင့် ဗုံးကြဲခံရမှု၊ မီးလောင်မှုတွေကြောင့် ထိခိုက်ပျက်စီးမှုကြီးမားပါတယ်။ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ရွာတောင်ပိုင်း၊ ရွာအလယ်ပိုင်းနှင့် မြောက်ပိုင်းတို့ကို မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး နေအိမ်ပေါင်း (၃၉၈)လုံး မီးလောင်ကျွမ်းသွားခဲ့ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်အများအပြား မီးထဲပါသွားခဲ့တယ်။အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသော သူများရှိနေသေးသောကြောင့် သေဆုံး၊ ဒဏ်ရာရသူများ အရေအတွက် ထပ်မံတိုးလာနိုင်ပါတယ်။ အေအေကတော့ အခုလုပ်ရပ်ဟာစစ်ကောင်စီရဲ့ သရဲဘောကြောင်မှုတစ်ခုလို့ ပြောထားတယ်။
ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေသော စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများက ပြည်သူများကို ပစ်မှတ်ထားပြီး ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ၊ လမ်းတံတားများ နှင့် လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို အခုလိုဆက်တိုက်ကျူးလွန်နေရင် အေအေရဲ့ ပြင်းထန်တဲ့ထိုးစစ်တွေနဲ့ဆက်လက်ရင်ဆိုင်ရလိမ့်မယ်။