ဒီနှစ်ဆန်းပိုင်းကစပြီး ရန်ကုန်နဲ့မန္တလေးနေပြည်တော်မြို့ကြီးတွေအလှည့်ကျဝန်အားလျော့ ဓာတ်အားပေးမည့်အစီအစဥ်အသစ်တစ်ခုကို စစ်ကောင်စီကစတင်လိုက်ပါပြီ။ရန်ကုန်ကို လျှပ်စစ်မီးလေးနာရီလာ၊၈နာရီပျက်စနစ်နဲ့ဓာတ်အားပေးမှာဖြစ်ပြီး မန္တလေးမြို့ကိုတော့သုံးနာရီလာ ကိုးနာရီပျက်စနစ်နဲ့အလှည့်ကျဓာတ်အားပေးတော့မှာပါ။မြို့စတည်ကတည်းက တစ်ခါမှဓာတ်အားဖြတ်တောက်မှုမလုပ်ဖူးတဲ့စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကိုတောင် တစ်နေ့ရှစ်နာရီမီးဖျက်တော့မှာပါ။
အခုလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ စစ်ကောင်စီဟာမြန်မာနိုင်ငံတဝန်းလျှပ်စစ်ဓာတ်အားလိုအပ်ချက်ရဲ့ ၃၀ရါခိုင်နှုန်းခန့်ကိုသာထုတ်လုပ်ပေးနိုင်ပါတော့တယ်။၂၀၂၅နှစ်စပိုင်းမှာပဲ တစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အား တစ်ရက်လျှင် မဂ္ဂါဝပ် ၁၈၀၀ ဝန်းကျင်သာ ထုတ်လုပ်နိုင်တော့တယ်လို့သိရတယ်။ တစ်နိုင်ငံလုံး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ ၅၀၀၀ မဂ္ဂါဝပ်ကျော်ရှိတာကြောင့် လက်ရှိ ထုတ်လုပ်နိုင်သော လျှစ်စစ်ဓာတ်အားမှာ ၃၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိတော့တာဖြစ်တယ်။ နိုင်ငံရဲ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှုအခြေအနေဟာ အတော်လေးဆိုးရွားလာပါပြီ။