အေအေတပ်တော်ဟာဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာလဲ ထိုးစစ်တွေဆက်လက်ပြုလုပ်နေပါတယ်။အခုလောလောဆယ်လမ်းမကြီးတွေပေါ်က စစ်ဆေးရေးဂိတ်တချို့ကိုသိမ်းထားပြီး ဂွနဲ့အနီးဆုံးမှာရှိတဲ့ငါးသိုင်းချောင်းမြို့ကို ခြိမ်းခြောက်နေပါပြီ။ဒါ့အပြင်ဂွမြို့တိုက်ပွဲကဆုတ်ခွာလာတဲ့ စစ်သူပုန်တွေကိုပင်လယ်ကမ်းခြေတစ်လျောက် လိုက်လံခြေမှုန်းနေရာမှာဧရာဝတီတိုင်းထဲထိ ရောက်ရှိလာပါတယ်။စစ်ကောင်စီဘက်ကတော့ အင်အားနည်းနေတဲ့ဧရာဝတီတိုင်းထဲက တပ်တွေကိုအားဖြည့်ဖို့ရန်ကုန်တိုင်းကတပ်တွေပါ စေလွတ်နေပါတယ်။ဒါပေမယ့်ရှေ့တန်းမှာတပ်ပြေးတွေ များပြားနေတယ်လို့သိရတယ်။
စစ်ရိပ်သန်းလာတဲ့ ဧရာဝတီတိုင်းအနောက်ခြမ်းမြို့တွေကပြည်သူတချို့ကတော့ မြို့ကိုစတင်စွန့်ခွာနေကြပြီ။ငါးသိုင်းချောင်းနဲ့ရေကြည်မြို့တွေမှာ စစ်ကောင်စီဟာဒေသခံတွေကို ဗုံးခိုကျင်းတွေတူးခွင့်မပေးဘူးလို့သိရတယ်။တိုက်ပွဲကြီးတွေဖြစ်လာခဲ့ရင် စစ်ကောင်စီဟာဒေသခံတွေကို လူသားဒိုင်းပြုလုပ်ဖို့ကြံစည်နေတာပါ။