ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးနီးပါးကို အေအေတပ်တော်က သိမ်းပိုက်ထားပြီးစစ်ကောင်စီနဲ့ဆွေးနွေးရန်အသင့်ရှိတယ်လို့ ကြေညာထားပေမယ့်လဲစစ်ကောင်စီကတော့ အခုထိအကြောင်းမပြန်သေးပါဘူး။တချိန်ထဲမှာပဲ အေအေတပ်တော်ရဲ့ ထိုးစစ်တွေဟာသိမ်းဖို့ကျန်ရှိနေတဲ့ကျန်မြို့တွေဖြစ်တဲ့ စစ်တွေနဲ့ကျောက်ဖြူမြို့တွေဘက် မလှည့်သေးပဲမကွေးတိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်းတွေဘက် လှည့်ဖို့တာဆူနေပါတယ်။
ပထမဆုံးအနေနဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြန်တိုက်ဖို့အမ်းမြို့နဲ့မိုင်နှစ်ဆယ်ခန့်အကွာမှာ အင်အားစုစည်းနေတဲ့စစ်သူပုန်စခန်းကို အေအေကသိမ်းပိုက်လိုက်ပါတယ်။ထိုစခန်းမှာစစ်သူပုန်တွေဟာတရုတ်ရေနံပိုက်လိုင်းကို အကာအကွယ်ယူပြီးအင်အားစုစည်းနေတာဖြစ်တယ်။အေအေဟာ အမ်းတောင်ကြားလမ်းကနေ မကွေးတိုင်းမင်းဘူးမြို့အထိ ရောက်နိုင်ဖို့ဆိုရင်တော့ကြားထဲမှာ စစ်ကောင်စီတပ်ရဲ့အခြေစိုက်စခန်းတချို့ ကျန်ပါသေးတယ်။