စစ်ကောင်စီဟာပို့ကုန်သွင်းကုန်တွေအပေါ် ကောက်ယူနေတဲ့အခွန်တွေကဒေါ်လာနှုန်းထားကို ပြောင်းလဲလိုက်ပါတယ်။အရင်ကဒေါ်လာနဲ့အခွန်ဆောင်ရတဲ့ ကုန်ပစ္စည်းတွေကို တစ်ဒေါ်လာ၂၁၀၀ကျပ်နဲ့ကောက်ယူနေပေမယ့် အခုတစ်ဒေါ်လာ၄၀၀၀ကျပ်အဖြစ်ပြောင်းလဲလိုက်တယ်။အကျိုးသက်ရောက်မှုကတော့ ကုန်ပစ္စည်းတွေအားလုံးစျေးတွေထပ်တက်ပါလိမ့်မယ်။နိုင်ငံခြားကတင်သွင်းနေတဲ့ ဆေးဝါးနဲ့စက်သုံးဆီစျေးတွေအဓိက တက်လာပါမယ်။ဒေါ်လာစျေးငြိမ်နေလို့အမြင့်စျေးမှာ တည်ငြိမ်သလိုဖြစ်နေတဲ့ကုန်စျေးနှုန်းကပါ လိုက်တက်လာမှာပါ။စစ်စားရိတ်လိုနေတဲ့ကောင်စီဟာ ငွေကြေးဖောင်းပွမှုတွေ ကုန်စျေးနှုန်းတက်လာမှာတွေကို ဂရုမစိုက်ပဲအခွန်ကိုရတဲ့နည်းနဲ့ တိုးကောက်နေပါပြီ။
မေ ၁၃၊ ၂၀၂၅။ (အင်္ဂါ)
ဒီပဲယင်းမြို့နယ်တွင်းရှိ ကျေးရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး...