ဒီနေ့၂၀၂၄ခုနှစ်ရဲ့ နောက်ဆုံးနှစ်သစ်ကူးညကို တကမ္ဘာလုံးမှာဆင်နွှဲကြတယ်။မြန်မာပြည်မှာတော့ ကိုယ့်အပူနဲ့ကိုယ်ဘယ်ဒေသမှ ကြီးကြီးကျယ်ကျယ်မဆင်နွှဲနိုင်ကြပါဘူး။စစ်ကောင်စီကတော့ ရန်ကုန်မှာနှစ်သစ်ကူးcountdownပွဲတွေ ကျင်းပပေးပေမယ့်ပေါ်တာဆွဲခံရမှာဆိုးလို့ တော်ရုံဘယ်သူမှသွားရကြမယ်မထင်ဘူး။ရေပေါ်ဆီလူတန်းစားတွေကတော့ နာမည်ကြီးဟိုတယ်တွေမှာ privite countdown party တွေကျင်းပကြတယ်။သာမာန်လူတန်းစားတွေကတော့ ကိုယ့်အိမ်မှာပဲအဖြစ်သဘောနဲ့ နှစ်သစ်ကိုကြိုကြတယ်။နှစ်သစ်မှာစစ်အာဏာရှင်လက်အောက်က လွတ်မြောက်ပါစေလို့ပဲဆုတောင်းမိပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


