ဒီဇင်ဘာ ၃၀၊ ၂၀၂၄။ (တနင်္လာ)
အတင်းအဓ္ဓမပေါ်တာဆွဲဖမ်းဆီးမှုတွေအကြောင်းသိသလောက်ပြောရရင် စစ်ကောင်စီဟာအသက်၁၈နှစ်မှ၃၅နှစ်ကြားလူငယ်တွေကို စစ်မှုထမ်းဖို့ပြောထားတာကြောင့် စစ်ကောင်စီလက်အောက်ခံလဝကဌာနက တစ်နိုင်ငံလုံးကထိုအသက်အပိုင်းအခြားအတွင်းအကြုံးဝင်တဲ့ လူငယ်စာရင်းကိုစစ်တပ်ကိုပို့ထားတယ်။ထိုစာရင်းတွေထဲကမှလစဥ်တိုင်းမှာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးတွေက ဘယ်သူ့ကိုမှအသိမပေးပဲကိုယ့်သဘောနဲ့ကိုယ်မဲနှိုက်ရွေးချယ်ပြီး မဲပေါက်တဲ့လူငယ်တွေကိုအိမ်တိုင်ရာရောက်လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်။လူငယ်တွေအတွက်ကတော့ ဒီလမဲမပေါက်လဲနောက်လမှာကိုယ်ကိုယ်တိုင်တောင်မသိလိုက်ပဲ မဲပေါက်သွားနိုင်ပါတယ်။မဲနှိုက်ရွေးချယ်ခြင်းခံရတဲ့သူဟာ ခရီးသွားလာခွင့်ပိတ်ပင်ခံရတယ်။မရရအောင်ထွက်ပြေးသွားခဲ့ရင်လဲ ကျန်ရစ်တဲ့မိသားစုကိုပြသာနာရှာပါသေးတယ်။
ဒါ့ကြောင့်ပြည်တွင်းကလူငယ်တွေဟာ နည်းမျိုးစုံနဲ့စစ်မှုထမ်ဥပဒေကိုရှောင်တိမ်းဖို့ကြိုးစားနေကြပါတယ်။ငွေကြေးတတ်နိုင်တဲ့သူတွေက အနီးဆုံးဖြစ်တဲ့ထိုင်းနိုင်ငံဘက်ကိုရှောင်ကြတယ်။ဒါတောင်လေဆိပ်ကနေထိုင်းနိုင်ငံကိုထွက်ခွာရင်လေဆိပ်ထဲမှာ လိုင်းကြေးအနေနဲ့သိန်းဆယ်ချီပေးရပါသေးတယ်။ငွေကြေးမတတ်နိုင်တဲ့သူတွေကတော့ အောက်လမ်းကနေရှောင်တိမ်းကြတယ်။အန္တရာယ်တော့များပေမယ့်ထိုင်းနိုင်ငံအလုပ်တစ်ခုရရင် မြန်မာပြည်မှာနေရတာထက်အများကြီးအဆင်ပြေပါတယ်။အောက်ခြေလူတန်းစားနင်းပြားလူငယ်တွေကတော့ စစ်ကောင်စီအာဏာသက်ရောက်မှုမရှိတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ထိန်းချုပ်နယ်မြေတွေကို မဲမပေါက်ခင်ရှောင်တိမ်းတာအကောင်းဆုံးဖြစ်မှာပါ။ပေါ်တာဆွဲခံရရင် သေလမ်းကိုသွားသလိုပါက လူသစ်တွေအတော်များများတိုက်ပွဲမှာသေကုန်ကြပြီ။မရှောင်နိုင်ရင်တော့ ကိုယ့်ရဲ့အသက်ကိုစစ်ကောင်စီအတွက် ပေးဆပ်လိုက်သလိုဖြစ်သွားလိမ့်မယ်။