အေအေတပ်တော်ဟာ မနေ့ရခိုင်ပြည်နယ်တောင်ဘက်စွန်းဂွမြို့ကို သိမ်းပိုက်လိုက်ပါပြီ။ဂွမြို့မကျဖို့အသည်းအသန်းခုခံနေကြတဲ့ စစ်သူပုန်တွေကတော့ သံချပ်ကာကားဆယ်စီးလောက်ကို ပစ်ထားခဲ့ပြီးဧရာဝတီတိုင်းထဲ ဆုတ်ခွာထွက်ပြေးသွားကြတယ်။ဂွမြို့ကိုရရှိလိုက်တာကြောင့် ရခိုင်ပြည်နယ်မှာသိမ်းဖို့ကျန်တာဆိုလို့ မြန်အောင်မြို့၊မြို့တော်စစ်တွေနဲ့တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူစတဲ့သုံးမြို့သာကျန်ရှိတော့တဲ့အချိန်မှာ စစ်ကောင်စီနဲ့ဆွေးနွေးဖို့အသင့်ရှိတယ်လို့ အေအေကကြေညာလိုက်ပါတယ်။စစ်ရေးအပြီးမှာ နိုင်ငံရေးနည်းလမ်းနဲ့ကျန်ရှိတဲ့မြို့တွေကရရှိဖို့ အေအေကလေသံပစ်လိုက်တဲ့သဘောပါ။ရေနက်ဆိပ်ကမ်း၊အထူးစီးပွားရေးဇုန်နဲ့တရုတ်ရေနံပိုက်လိုင်းအစပြုရာ တရုတ်အကျိုးစီးပွားတွေအများအပြားရှိနေတဲ့ ကျောက်ဖြူမြို့ကိုစစ်မတိုက်ပဲထိန်းချုပ်နိုင်ဖို့ တရုတ်ကို အေအေကစတင်ကမ်းလှမ်းလိုက်ပါပြီ။တရုတ်နဲ့စစ်ကောင်စီကတော့ ဘယ်လိုတုန့်ပြန်မလဲစောင့်ကြည့်ရပါမယ်။
မေ ၂၁၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
မနေ့ကအပစ်ခံရလို့ ရွှေကူမြို့ဘက်အရေးပေါ်ဆင်းသက်လိုက်ရတဲ့ စစ်တပ်ရဟတ်ယာဥ်ကို KIAကအသေခံဒရုန်းနဲ့တိုက်ခိုက်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ထိုဒရုန်းဟာ...