စစ်ကောင်စီဟာ မေလကတည်းက အတင်းအဓ္ဓမစစ်သားစုဆောင်းလာတာ အခုဆိုရင်အပတ်စဥ်၈ကို ရောက်ရှိလာပါပြီ။ စစ်မှုထမ်း အပတ်စဉ် ၈ ရောက်လာတော့ လိုအပ်သော တပ် သားသစ်အရေအတွက် ရရှိခြင်းမရှိသဖြင့် ယခု ဒီဇင်ဘာလလယ်အထိ စစ်မှု ထမ်း သင်တန်း မစတင်နိုင်သေးဘူးလို့ သိရှိတယ်။
ပုံမှန်အားဖြင့် ၂၀၂၄ ခုနှစ် မေလမှ စတင်ခဲ့သော စစ်မှုထမ်းသင်တန်းများကို လစဉ် ပထမအပတ်အတွင်း စတင်လေ့ရှိတယ်။ နောက်အကျဆုံးက ဒုတိယအပတ်ပဲ။ အခုကတော့ တတိယအပတ်ထဲ ဝင်လာပြီး မစတင်နိုင်သေးဘူး။ တနိုင်ငံလုံးမှာ လူမပြည့်မီသေးဘူး။ ဒါ့ကြောင့် နိုင်ငံတစ်ဝှမ်းမှာ အတင်းပေါ်တာဆွဲ ဖမ်းဆီးနေပါတယ်။ အရင်ကကျေးလက်တောရွာတွေလောက်မှာသာ ပေါ်တာဆွဲတယ်။ ပြီးတော့ မြို့ချင်းဆက်လမ်းတွေမှာ ပေါ်တာဆွဲလာတယ်။ အခုဆိုရင် နေပြည်တော်၊ မန္တလေးစတဲ့မြို့ကြီးတွေမှာပါ အတင်းအဓ္ဓမစစ်သားစုဆောင်းလာပါတယ်။
ရနကုန်မှာဆိုရင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းထွေ/အုပ်က အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်မှန်သမျှ ကျန်းမာသန်းစွမ်းလျှင် နိုင်ငံ တော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိပြီး ယင်းလူငယ်များကို မည် သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို ခေါ်ယူ(ပေါ်တာဆွဲမှု)မှုသည် ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ကိုက်ညီမှုရှိကြောင်း ဆိုပြီးထုတ်ပြန်ထားတဲ့အတွက် မကြာမှီရန်ကုန်မှာပါ ပေါ်တာဆွဲလာနိုင်ပါတယ်။ လူငယ်တွေလဲ တဖြည်းဖြည်းနဲ့ပြေးပေါက်ပိတ်လာပါပြီ။