မောင်တောနယ်ခြားစောင့်စခန်းကို စွန့်ခွာထွက်ပြေးသွားတဲ့ ဗိုလ်မှုးချုပ်သူရိန်ထွန်းနဲ့အပေါင်းအပါတွေကို အေအေတပ်တော်က မောင်တောမြို့နားမှာပဲအရှင်ဖမ်းဆီးလိုက်ပါတယ်။ထိုသူကိုဖမ်းဆီးမိလိုက်တာဟာ အေအေအတွက်မောင်တောတိုက်ပွဲမှာ ကြီးမားတဲ့အပိုဆုပါ။ဘာလို့လဲဆိုတော့အဆိုပါပုဂ္ဂိုလ်ဟာစစ်ရာဇဝတ်မှုများစွာကို ထင်တိုင်းကြဲကျူးလွန်ခဲ့တဲ့ ရာဇဝတ်ကောင်ဖြစ်နေလို့ပါပဲ။
ဗိုလ်မှုးချုပ်သူရိန်ထွန်းဟာသူဦးဆောင်တဲ့နယ်ခြားစောင့်စခန်းကို အဖက်ဖက်ကပိတ်ဆို့ခံထားရတာတောင် လက်အောက်ငယ်သားတွေကိုလက်နက်မချခိုင်းပဲ ဆက်တိုက်ခိုင်းတယ်။လက်နက်ချဖို့စီစဥ်သူတွေကိုလဲ ပစ်သတ်ခဲ့တယ်လို့သိရတယ်။သူရဲ့ခေါင်းမာမှုကြောင့်အေအေဟာမလိုအပ်ပဲ အသက်သွေးတွေထပ်ရင်းခဲ့ရတယ်။ဒါ့အပြင်တိုက်ပွဲကာလအတွင်း မောင်တောမှာရိုဟင်ဂျာတွေနဲ့ရခိုင်တွေကြားလူမျိုးရေးမုန်းတီးမှုတွေဖြစ်အောင် ဖန်တီးခဲ့တယ်။မောင်တောမြို့ကိုမီးရှို့ခဲ့တဲ့ အဓိကတရားခံလဲဖြစ်တယ်။ရခိုင်ပြည်နယ်မှာတာဝန်မကျခင်ကလဲ မန္တလေးမြို့မှာဆန္ဒပြပြည်သူတွေကိုပစ်ခတ်နှိမ်နင်းမှုတွေကို ဦးဆောင်ပြုလုပ်ခဲ့သေးတယ်။မန္တလေးနန်းတွင်းစစ်ကြောရေးမှာလဲ သူ့ကြောင့်ကြွေလွင့်သွားခဲ့ရတဲ့လူငယ်တွေလဲမနည်းပါဘူး။ထိုစစ်ရာဇဝတ်ကောင်ကို လက်ပြန်ကြိုးတုတ်ပြီးဒူးထောက်ထိုင်ခိုင်းထားတဲ့ပုံတွေကိုကြည့်ရတဲ့ အရသာဟာချိုမြိန်တယ်။အေအေကတော့ဘယ်လိုပြစ်ဒဏ်မျိုးစီရင်မယ်မသိသေးပေမယ့် သူ့အတွက်သေဒဏ်ဆိုတာ နည်းတောင်နည်းပါသေးတယ်။