တောင်ကိုရီးယားနိုင်ငံမှာအာဏာသိမ်းမှုမအောင်မြင်တဲ့နောက် ဆီးရီးယားနိုင်ငံကအာဏာရှင် အာဆတ်နဲ့တော်လှန်ရေးတပ်တွေရဲ့ထိုးစစ်ကြောင့် နိုင်ငံကထွက်ပြေးသွားရပါပြီ။ဆီးရီးယားတော်လှန်ရေးတပ်တွေဟာထိုးစစ်ကြီးတစ်ခုကိုဆင်နွှဲပြီး၂ပတ်အကြာမှာပဲ မြို့တော်ဒမတ်စကပ်ကိုသိမ်းပိုက်နိုင်ခဲ့တယ်။အာဏာရှင်အာဆတ်ကတော့ ရုရှားကိုထွက်ပြေးသွားခဲ့တယ်။၂၀၁၁ခုနှစ်ကစတင်ခဲ့တဲ့ ပြည်တွင်းစစ်မှာအာဆတ်ဟာ ပြည်သူပေါင်း၃သိန်းခန့်ကိုရက်စက်စွာသတ်ဖြတ်ခဲ့သူပါ။အခု၁၃နှစ်အကြာမှာတော့သူ့ဘဝလဲနိဂုံးချုပ်သွားပါပြီ။
မြန်မာပြည်ရဲ့အခြေအနေကလဲ ဆီးရီးယားနဲ့ဆင်တူပါတယ်။စစ်အာဏာရှင်မင်းအောင်လှိုင်ကို တော်လှန်နေတာလဲ လေးနှစ်ပြည့်ပါတော့မယ်။နောက်ဆုံးမှာတော့မင်းအောင်လှိုင်ကို ဖြုတ်ချနိုင်ဖို့မျှော်လင့်ချက်ရှိနေပေမယ့် ဆီးရီးယားလို၁၃နှစ်လောက်ကြာမသွားဖို့တော့ ဆုတောင်းမိတယ်။