အရင်ကတိုက်ပွဲတွေကြိုကြားကြိုကြားသာ ဖြစ်လေ့ရှိတဲ့ချင်းပြည်နယ်မှာလဲ ဒီလတွေထဲမှာတိုက်ပွဲကြီးတွေဆက်တိုက်ဆိုသလို ပြင်းထန်လာနေပါတယ်။ချင်းပြည်နယ်က ချင်းတော်လှန်ရေးအဖွဲ့နှစ်ဖွဲ့လုံးစစ်ကောင်စီတပ်တွေကို တပြိုက်နက်လိုလိုစစ်ဆင်ရေးတွေ ဖော်ဆောင်နေကြတယ်။
ချင်းတောင်ပိုင်းကချင်းညီနောင်အဖွဲ့ဟာ မင်းတပ်နဲ့ဖလမ်းမြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်နေပြီး အောင်မြင်မှုတစ်ချို့ရထားတယ်လို့ထုတ်ပြန်ထားတယ်။အသေးစိတ်အခြေအနေကိုတော့ မပြောသေးပါဘူး။ချင်းမြောက်ပိုင်းမှာလဲ ချင်းပြည်နယ်ကောင်စီအဖွဲ့ကထန်တလန်မြို့ကို သိမ်းယူနိုင်ဖို့ကြိုးစားနေတယ်။ဒါ့အပြင်မြို့တော်ဟားခါးနဲ့ထန်တလန်ကြားလမ်းကြောင်းကို ထိန်းချုပ်နိုင်ဖို့စစ်ကောင်စီနဲ့အပြိုင် ကြိုးစားနေတယ်။အခုလောလောဆယ်တော့ ထိုလမ်းကြောင်းကိုချင်းတော်လှန်ရေးအဖွဲ့တွေဘက်က ထိန်းချုပ်ထားနိုင်တယ်။ထန်တလန်မြို့ပေါ်မှာလဲ စစ်ကောင်စီတပ်တွေတပ်ဆွဲထားတဲ့ နေရာနှစ်ခုလောက်သာကျန်တော့တယ်။နွေဦးတော်လှန်ရေးစချိန်ကတည်းက ဒီကာလဟာ ချင်းပြည်နယ်မှာတော်လှန်စစ်တွေ အပြင်းထန်ဆုံးလို့ပြောလို့ရတယ်။