တကယ်တော့YouTubeကခရီးသွားဟာ မြန်မာပြည်ကိုရူးလို့ရောက်လာတာပါ။ကမ္ဘာမှာခရီးမသွားသင့်ဆုံးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါတယ်။ရန်ကုန်မြို့ဟာလဲ အဆိုးရွားဆုံးမြို့တော်တွေစာရင်းမှာနံပါတ်၂ချိတ်ပါတယ်။
မြန်မာခရီးသွားလုပ်ငန်းဟာ လုံးဝပြိုလဲသွားပါပြီ။ကိုဗစ်စကတည်းကရပ်တန့်သွားတဲ့ ဒီလုပ်ငန်းဟာအာဏာသိမ်းပြီး၃နှစ်ကျော်ကြာလာတဲ့အထိ ဘယ်လိုမှတောင့်ခံနိုင်စွမ်းမရှိပါဘူး။နိုင်ငံအနှံအပြားမှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့်လည်ပတ်စရာနေရာဆိုလို့ ပုဂံနဲ့ရှမ်းပြည်တောင်ပိုင်း ကလော အင်းလေးလောက်သာကျန်ပါတော့တယ်။ထိုဒေသတွေကဟိုတယ်တွေတောင် ခရီးသွားဝင်ရောက်မှုမရှိတာကြောင့်ရောင်းထုတ်ကုန်ကြပြီ။ရန်ကုန်မှာတောင် နာမည်ကြီးကြယ်ငါးပွင့်ဟိုတယ်ကြီးတွေဖြစ်တဲ့ ရှမ်ဂီလာတို့၊ဆီဒိုနားဟိုတယ်တို့တောင် ပိတ်ထားရတာလေးနှစ်ခန့်ရှိသွားပါပြီ။ထိုဟိုတယ်တွေဟာ အရင်စစ်အစိုးရလက်ထက်မှာတောင် ရအောင်ရှင်သန်ခဲ့တဲ့ဟိုတယ်ကြီးတွေပါ။လက်ရှိအခြေအနေတွေကြောင့် ခရီးသွားလုပ်ငန်းနဲ့သက်ဆိုင်သူအားလုံးလဲ အလုပ်အကိုင်အခွင့်အလမ်းတွေဆုံးရှုံးကုန်ကြတာပေါ့။