ပေါ်တာဆွဲခံရတဲ့လူငယ်တွေရှေ့တန်းမှာ သေဆုံးနေတာများနေပါပြီ။စစ်ကောင်စီရဲ့အဓ္ဓမလူသစ်စုဆောင်းနေမှုကြောင့် ပုံမှန်လူနေမှုဘဝတွေပြောင်းလဲလာနေတာ သတိထားမိတယ်။အနီးစပ်ဆုံးကတော့ရပ်ကွက်ထဲက ထိုင်နေကြလက်ဖက်ရည်ဆိုင်မှာ လူငယ်တွေလာထိုင်တာသိသိသာသာနည်းသွားတယ်။အရင်ကဆိုရင်အသက်၂၀ပတ်ဝန်းကျင်လူငယ်လေးတွေဟာ ညဦးပိုင်းလောက်ဆိုရင်လက်ဖက်ရည်ဆိုင်ကို အုပ်စုလိုက်ရောက်လာကြတယ်။ဂိမ်းဆော့ရင်ဆော့မယ်၊စကားပြောရင်ပြောမယ်၊သူတို့ဘဝဟာလွတ်လွတ်လပ်လပ်ပဲ။အခုတော့အဲ့ဒီအုပ်စုလေးတွေ တဖြည်းဖြည်းနဲ့ပျောက်ကုန်ကြပြီ။လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကိုမေးကြည့်တော့ အတော်များများကနိုင်ငံခြားကို ရရာနည်းလမ်းနဲ့ထွက်သွားကြပြီတဲ့။တချို့တွေကတော့ ဘယ်ရောက်မှန်းမသိပျောက်သွားကြတယ်။သူတို့လေးတွေဝိုင်းမှာလဲ အရင်လိုလူမစုံတော့ဘူး။အရင်လိုမပေါ့ပါးတော့ဘူး။အရင်လိုမပျော်ရွှင်တော့ဘူး။ဘယ်တော့စစ်မှုထမ်းထဲစာရင်းပါမလဲ ထိတ်လန့်နေရတယ်။ဒါဟာသက်ရောက်မှုပါးပါးလေးမျှသာဖြစ်တယ်။အခုဆိုအသက်၂၀နဲ့၃၀ကြားဝန်းကျင်လူငယ်တွေတွေ့ရင် စစ်ကောင်စီရဲ့သားကောင်တွေဖြစ်တော့မှာပဲဆိုတဲ့ အတွေးတွေမကြာခဏဝင်လာတယ်။သူတို့အစားကိုယ်ပါ ရင်မောတတ်နေပြီ။
ဇွန် ၁၉၊ ၂၀၂၅။ (ကြာသပတေး)
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန်ဒေါင့်ရွာရဲစခန်းကို တော်လှန်ရေးစုပေါင်းအဖွဲ့တွေ သိမ်းပိုက်နိုင်လိုက်ပါပြီ။ထိုစခန်းကိုဒီလ ၂ရက်နေ့ ကတည်းက...