နွေဦးတော်လှန်ရေးရဲ့တပ်ဦးမှာရပ်တည်နေတဲ့ ရှမ်းမြောက်ကMNDAAနဲ့TNLAအဖွဲ့တွေကို ဖိအားပေးခြင်း၊စစ်ကောင်စီဘက်ကပြတ်ပြတ်သားသားရပ်တည်ကြောင်း ပြသလိုက်ခြင်း၊တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပိတ်ပစ်ခြင်း၊MNDAAအဖွဲ့ခေါင်းဆောင်ကိုအကျယ်ချုပ်သဘောမျိုး ဖမ်းထားခြင်းစသဖြင့်နည်းမျိုးစုံနဲ့တော်လှန်ရေးကို နှောက်ယှက်နေတဲ့တရုတ်နိုင်ငံဟာ အခုတော့ပြည်ထောင်စုမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ မြန်မာပြည်သူတရပ်လုံးကိုစော်ကားတဲ့လုပ်ရပ်တစ်ခု ထပ်မံကျူးလွန်တော့မှာပါ။
တရုတ်ဟာအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ပေါင်းပြီးမြန်မာပြည်ထဲက သူတို့အကျိုးစီးပွားတွေကိုကာကွယ်ဖို့ဆိုပြီး တရုတ်စစ်သားတွေကိုလုံခြုံရေးအဖွဲ့အမည်ခံပြီးစေလွတ်ဖို့ သဘောတူညီချက်ရထားတယ်။ဒီလဆန်းပိုင်းကမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကိုအစည်းအဝေးသွားတက်ခွင့်ရခဲ့တာ အားလုံးအသိပါ။ထိုအချိန်အတွင်းတရုတ်အာဏာပိုင်တွေနဲ့တွေ့ဆုံပြီး တရုတ်ကကျောက်ဖြူရေနက်ဆိပ်ကမ်းအပါအဝင် မြန်မာပြည်ထဲကတရုတ်အကျိုးစီးပွားတွေကို ကာကွယ်ဖို့လုံခြုံရေးအဖွဲ့စေလွတ်ဖို့တောင်းဆိုခဲ့တယ်။ဒါကိုစစ်ရှုံးနေတဲ့စစ်ခေါင်ဆောင်မင်းအောင်လှိုင်က အသာတကြည်ပဲခွင့်ပြုခဲ့တယ်။ဒီသဘောတူညီချက်သာတကယ်ဖြစ်လာရင် မင်းအောင်လှိုင်ဟာမြန်မာနိုင်ငံကိုတရုတ်လက်ထဲရောင်းစားခဲ့တာပဲ။တရုတ်ဟာ မြန်မာပြည်တွင်းရေးကို ပေါ်ပေါ်ထင်ထင်ဝင်ရောက်စွတ်ဖက်ရုံတင်မကတော့ပဲ မြန်မာပြည်ထဲကိုသူ့စစ်တပ်တွေခေါ်သွင်းဖို့အထိ ကြံစည်လုပ်ဆောင်လာနေပါပြီ။