စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်မှာတော်လှန်ရေးတပ်တွေ ပြန်ဆုတ်သွားပေမယ့်စစ်ကောင်စီဘက်က ဆက်လက်ယုတ်မာသောင်းကျန်းနေဆဲပါ။ပုလဲမြို့နယ်ထဲလေကြောင်းကနေ ရဟတ်ယာဥ်နဲ့စစ်ကူလာချပေးတဲ့အဖွဲ့ဟာဘုတလင်မြို့နယ်ထဲမှာ ခေါင်းဖြတ်လူသတ်မီးရှို့ခဲ့တဲ့ဘီလူးစစ်ကြောင်းဖြစ်ပါတယ်။ထိုစစ်ကြောင်းဟာရောက်ရောက်ချင်းပဲ မြို့မြောက်ပိုင်းရှိအလယ်ဘုံရွာကို မီးရှို့ဖျက်စီးခဲ့တယ်။ပြီးနောက်မြို့အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံသောင်းနဲ့ချီပြီးထွက်ပြေးနေရတယ်။
နောက်ရက်တွေမှာတော့စစ်သူပုန်တွေဟာ ပုလဲမြို့ပေါ်ကပြည်သူတွေရဲ့အိမ်တွေကို တအိမ်ဆင်းတအိမ်တက်ဓာတ်ဆီလောင်းပြီး မီးရှို့ဖျက်စီးနေပါတယ်။မြို့ပေါ်ကအိမ်တွေအတော်များများလဲ ပျက်စီးသွားပါပြီ။စစ်သူပုန်တွေဟာ သူတို့ကိုတော်လှန်တိုက်ခိုက်နေတဲ့ဒေသတိုင်းကို အရင်လိုပဲမြေလှန်စနစ်နဲ့ဖျက်စီးနေတာပါ။
တကယ်တော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ မိုင်၃၀ခန့်သာဝေးတဲ့ ပုလဲမြို့လိုဒေသမှာမြို့သိမ်းတိုက်ပွဲတွေမဆင်နွဲသင့်သေးကြောင်း မကြာခဏပြောခဲ့ပါတယ်။သိမ်းနိုင်လဲထိန်းနိုင်ဖို့မသေချာလို့ပါ။ထိုဒေသတွေကိုတိုက်ခိုက်သိမ်းပိုက်မယ့် အင်အားတွေကိုအခုလောလောဆယ်ထိုးစစ်တွေလုပ်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက အင်းတော်နဲ့ထီးချိုင့်မြို့တွေမှာအင်အားဖြည့်နိုင်ရင်ပိုပြီး အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ဒါပေမယ့်လဲစစ်ကိုင်းတိုင်းထဲမှာက တော်လှန်ရေးအဖွဲ့များစွာကွဲထွက်နေလို့ ပြောသလိုဖြစ်မနေပါဘူး။ထိုအဖွဲ့တွေမစုစည်းနိုင်သ၍တော့ အင်အားပြုန်းတီးမှုတွေဆက်ရှိနေဦးမှာပဲ။