ပြီးခဲ့တဲ့လေးရက်ကတည်းကဖြစ်ပွားနေတဲ့ ပုလဲမြို့တိုက်ပွဲဟာမြို့ကိုရလုခင်မှာပဲ စစ်ကောင်စီဘက်ကတပ်ကူတွေရောက်လာလို့ဗိုလ်နဂါးဦးဆောင်တဲ့BRNAတပ်တွေပြန်ဆုတ်ပေးခဲ့ရတယ်။ဗိုလ်နဂါးရဲ့တပ်တွေဟာမြို့ပေါ်မှာ စစ်သူပုန်တွေတပ်စွဲထားတဲ့နေရာအတော်များများကို ရှင်းလင်းပြီးပါပြီ။ကျန်နေတဲ့စစ်သူပုန်အကြွင်းအကျန်တွေကို လိုက်လံရှင်းလင်းနေစဥ်မှာပဲစစ်ကောင်စီဘက်က ရဟတ်ယာဥ်နဲ့တပ်ကူတွေချပေးခဲ့တယ်။ဒီတိုက်ပွဲရက်တွေထဲမှာ စစ်ကောင်စီဘက်ကနေ့တိုင်းလေကြောင်းကနေခုခံခဲ့ပါတယ်။မြေပြင်ကစစ်ကူပေးနိုင်တဲ့လမ်းကြောင်းတွေကိုလဲ တော်လှန်ရေးအဖွဲ့တွေကဖြတ်တောက်ထားတဲ့အတွက် စစ်ကူတွေလေကြောင်းကချပေးလာတာပါ။အင်အားတစ်ရာကျော်စစ်ကူရောက်လာပြီးနောက် တော်လှန်ရေးအဖွဲ့တွေမြို့ပေါ်ကပြန်လည်ဆုတ်ခွာခဲ့ရတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


