မနေ့ညပိုင်းက မိုးကုတ်မြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်အပြီး ဒီနေ့မှာလဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်နေရာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လက်ဖက်ရည်ဆိုင်ထိုင်နေသူများ၊ ခရီးသည်ကားများ ဗုံးထိမှန်ခဲ့ပြီး ပြည်သူ ၂၀ခန့်ထပ်မံသေဆုံးခဲ့ရတယ်။ သေဆုံးသူများတွင် ခရီးဝေးဧည့်သည်အများစုပါဝင်နေတယ်။ ဗုံးကလက်ဖက်ရည်ဆိုင်ပေါ်တည့်တည့်ကျတာဖြစ်ပြီး ဆိုင်နေရာဟာတွင်းကြီးဖြစ်သွားပြီး မြေကွက်လပ်ပဲကျန်တော့တယ်။ ဒဏ်ရာရတာတွေများတယ်။ ဒဏ်ရာရဦးရေသေချာမသိရသေးပါဘူး။
အခုမိုးကုတ်နဲ့နောင်ချိုဗုံးကြဲမှုတွေဟာ အရပ်သားပြည်သူတွေကို အဓိကပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တာပါ။ စစ်ကးခေါင်းဆောင်မင်းအောင်လှိုင် နိုဝင် တရုတ်နိုင်ငံမှပြန်ရောက်ရှိလာပြီးနောက် စစ်ကောင်စီက မြို့ရွာများ ပိုမိုဗုံးကြဲတိုက်ခိုက်လာနေပါတယ်။