စစ်ကိုင်းတိုင်းပုလဲမြို့တိုက်ပွဲတွေနဲ့ တပြိုင်နက်ထဲမှာပဲချင်းပြည်နယ်မင်းတပ်မြို့နဲ့ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့ကတိုက်ပွဲတွေဆင်နွှဲနေပါတယ်။စစ်ကိုင်းတိုင်းအထက်ပိုင်းမှာလဲ အင်းတော်မြို့သိမ်းတိုက်ပွဲဆက်ရှိနေတယ်။ရခိုင်ပြည်နယ်မှာလဲအေအေက အမ်းမြို့အပြင်တောင်ဂုတ်နဲ့ဂွမြို့တွေကို တစ်ပြိုင်ထဲထိုးစစ်ဆင်နေပါတယ်။ဒါဟာရှမ်းမြောက်မှာတိုက်ပွဲတွေ ငြိမ်သက်သွားပေမယ့်နိုင်ငံရဲ့အခြားနေရာဒေသအနှံအပြားမှာ စစ်ကောင်စီကိုတော်လှန်စစ်တွေ၊မြို့သိမ်းတိုက်ပွဲတွေဆက်ရှိနေတယ်ဆိုတာ ပြသလိုက်တာပဲ။တရုတ်ရဲ့ဖိအားဟာသူနိုင်တဲ့အဖွဲ့တွေရှိတဲ့ ရှမ်းမြောက်ကိုသာသက်ရောက်နိုင်မယ်။အခြားတော်လှန်ရေးအင်အားစုတွေအပေါ် သက်ရောက်မှုမရှိနိုင်ပါဘူး။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...