စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရုတ်ဝန်ကြီးချုပ်ကိုယ်တိုင် ကနဦးဧည့်ခံတွေ့ဆုံခဲ့တယ်။ထိုတွေ့ဆုံံပွဲမှာ မင်းအောင်လှိုင်ကရှမ်းမြောက်ကလက်နက်ကိုင်အဖွဲ့တွေငြိမ်းချမ်းရေးဆွေးနွေးချင်ရင် ငြိမ်းချမ်းရေးကိုလိုချင်ပါတယ်ဆိုတဲ့ သဘောထားလက်တွေ့ပြသမှ တွေ့ဆုံမယ်လို့ပြောသွားတယ်။ဘယ်လိုလက်တွေ့ပြရမယ်ဆိုတာတော့ အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပါဘူး။မင်းအောင်လှိုင်ရဲ့စကားကိုTLNAကတော့စစ်ကောင်စီနဲ့ဆွေးနွေးဖို့ဆိုရင် စစ်တပ်ကနိုင်ငံရေးမှအပြီးထွက်ခွာပြီး ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေကိုတာဝန်ယူမှ ဖြစ်နိုင်မယ်လို့တုန့်ပြန်ထားတယ်။ဒါ့အပြင်မင်းအောင်လှိုင်ဟာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေဆက်လက်ပိတ် ထားဖို့တရုတ်ကိုတောင်းဆိုခဲ့သေးတယ်။ထိုခရီးစဥ်ကြောင့်တော်လှန်ရေးအတွက် ဘာမှသိပ်ထူးခြားလာမှာမဟုတ်ပေမယ့်စစ်ကောင်စီအတွက်ကတော့ သူတို့ကိုနိုင်ငံတကာကစတင်ထောက်ခံနေပြီဖြစ်ကြောင်း ဝါဒဖြန့်စရာအကြောင်း ခိုင်ခိုင်လုံလုံရရှိသွားတာပေါ့။
ဒီဇင်ဘာ ၀၄၊ ၂၀၂၄။ (ဗုဒ္ဓဟူး)
ကချင်ပြည်နယ်၊ဗန်းမော်မြို့ကို KIAကဒီမနက်မှာပဲ စတင်တိုက်ခိုက်နေပါပြီ။ဗန်းမော်မြို့ဟာကချင်ပြည်နယ်မှာ ဒုတိယအကြီးဆုံးမြို့ဖြစ်တယ်။နယ်မြေချင်းတဆက်ထဲတည်ရှိနေတဲ့ မံစီမြို့ကိုပါ...