အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကူမင်းမြို့ကိုမဲခေါင်မြစ်ဝှမ်းနိုင်ငံများ အစည်းအဝေးတက်ဖို့ထွက်ခွာသွားပါပြီ။အာဆီယံထိပ်သီးအစည်းအဝေးတွေကိုတောင် တက်ရောက်ခွင့်မရခဲ့တဲ့မင်းအောင်လှိုင်ကိုတရုတ်က သူ့နိုင်ငံမှာအိမ်ရှင်အဖြစ်ပြုလုပ်တဲ့ပွဲကို တက်ရောက်ခွင့်ပြုပြီးလူရာစသွင်းလာပါတယ်။မင်းအောင်လှိုင်အတွက်တော့ ဒေသတွင်းမှာပထမဆုံးတက်ရောက်ခွင့်ရတဲ့ ပွဲတစ်ခုဖြစ်လာတယ်။ဒါပေမယ့်ဒီပွဲကိုနိုင်ငံတော်အဆင့်အဖြစ် ဖိတ်ကြားတာမဟုတ်ဘူးလို့တရုတ်ကအကြောင်းပြန်ထားကြောင့် NUGကပြောပါတယ်။ဘာပဲဖြစ်ဖြစ်စစ်ခေါင်းဆောင်မင်းအောင်လှိုင် လူရာဝင်လာတာဟာတော်လှန်ရေးအတွက် သိပ်တော့မကောင်းပါဘူး။ဒီလိုတွေဆက်ဖြစ်လာရင် စစ်ကောင်စီဟာနိုင်ငံရေးအရတရားဝင်မှုတွေ တဖြည်းဖြည်းနဲ့ရရှိသွားမှာဖြစ်ပါတယ်။
နိုဝင်ဘာ ၀၉၊ ၂၀၂၄။ (စနေ)
ထရမ့်တက်လာတာ တော်လှန်ရေးအတွက်အဆိုးချည်းပဲတော့ မဟုတ်ပါဘူး။ကောင်းကွက်လေးတွေလဲ မျှော်လင့်လို့တော့ရပါသေးတယ်။ထရမ့်ဟာတရုတ်မုန်းတီးရေးဝါဒီသမားတစ်ဦးဖြစ်တာကြောင့် တရုတ်နိုင်ငံကိုကိုင်တွယ်ရာမှာ...