အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကူမင်းမြို့ကိုမဲခေါင်မြစ်ဝှမ်းနိုင်ငံများ အစည်းအဝေးတက်ဖို့ထွက်ခွာသွားပါပြီ။အာဆီယံထိပ်သီးအစည်းအဝေးတွေကိုတောင် တက်ရောက်ခွင့်မရခဲ့တဲ့မင်းအောင်လှိုင်ကိုတရုတ်က သူ့နိုင်ငံမှာအိမ်ရှင်အဖြစ်ပြုလုပ်တဲ့ပွဲကို တက်ရောက်ခွင့်ပြုပြီးလူရာစသွင်းလာပါတယ်။မင်းအောင်လှိုင်အတွက်တော့ ဒေသတွင်းမှာပထမဆုံးတက်ရောက်ခွင့်ရတဲ့ ပွဲတစ်ခုဖြစ်လာတယ်။ဒါပေမယ့်ဒီပွဲကိုနိုင်ငံတော်အဆင့်အဖြစ် ဖိတ်ကြားတာမဟုတ်ဘူးလို့တရုတ်ကအကြောင်းပြန်ထားကြောင့် NUGကပြောပါတယ်။ဘာပဲဖြစ်ဖြစ်စစ်ခေါင်းဆောင်မင်းအောင်လှိုင် လူရာဝင်လာတာဟာတော်လှန်ရေးအတွက် သိပ်တော့မကောင်းပါဘူး။ဒီလိုတွေဆက်ဖြစ်လာရင် စစ်ကောင်စီဟာနိုင်ငံရေးအရတရားဝင်မှုတွေ တဖြည်းဖြည်းနဲ့ရရှိသွားမှာဖြစ်ပါတယ်။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


