အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကူမင်းမြို့ကိုမဲခေါင်မြစ်ဝှမ်းနိုင်ငံများ အစည်းအဝေးတက်ဖို့ထွက်ခွာသွားပါပြီ။အာဆီယံထိပ်သီးအစည်းအဝေးတွေကိုတောင် တက်ရောက်ခွင့်မရခဲ့တဲ့မင်းအောင်လှိုင်ကိုတရုတ်က သူ့နိုင်ငံမှာအိမ်ရှင်အဖြစ်ပြုလုပ်တဲ့ပွဲကို တက်ရောက်ခွင့်ပြုပြီးလူရာစသွင်းလာပါတယ်။မင်းအောင်လှိုင်အတွက်တော့ ဒေသတွင်းမှာပထမဆုံးတက်ရောက်ခွင့်ရတဲ့ ပွဲတစ်ခုဖြစ်လာတယ်။ဒါပေမယ့်ဒီပွဲကိုနိုင်ငံတော်အဆင့်အဖြစ် ဖိတ်ကြားတာမဟုတ်ဘူးလို့တရုတ်ကအကြောင်းပြန်ထားကြောင့် NUGကပြောပါတယ်။ဘာပဲဖြစ်ဖြစ်စစ်ခေါင်းဆောင်မင်းအောင်လှိုင် လူရာဝင်လာတာဟာတော်လှန်ရေးအတွက် သိပ်တော့မကောင်းပါဘူး။ဒီလိုတွေဆက်ဖြစ်လာရင် စစ်ကောင်စီဟာနိုင်ငံရေးအရတရားဝင်မှုတွေ တဖြည်းဖြည်းနဲ့ရရှိသွားမှာဖြစ်ပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


