စစ်ကိုင်းတိုင်းအထက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ ပင်လည်ဘူးမြို့အနီးကအင်းတော်မြို့မှာ မြို့သိမ်းတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပါတယ်။အင်းတော်မြို့မှာ ပြီးခဲ့တဲ့လတစ်လုံးတိုက်ပွဲတွေငြိမ်သက်နေရာက အခုပြန်လည်ပြင်းထန်လာတာပါ။စစ်အုပ်စုဟာ ထိုမြို့ကနောက်ဆုံးခံစစ်စခန်းဖြစ်တဲ့ ဂျပန်လှိုင်ဂူကနေပြီးဆက်လက်ခုခံနေပါတယ်။အရင်ကထိုစခန်းထဲမှာ ပြည်သူ၃၀၀ကျော်ကိုဓားစာခံအဖြစ်ဖမ်းဆီးထားပြီး အခုတော့အတော်များများ ထွက်ပြေးလွတ်မြောက်ကုန်ပြီလို့သိရတယ်။ထိုစခန်းကိုရရင် အင်းတော်မြို့ကိုရမှာဖြစ်ပါတယ်။
ပြင်ဦးလွင်နဲ့နောင်ချိုအစပ်မှာလဲ စစ်ကောင်စီကသွေးတိုးစမ်းပြီးTLNAကိုထိုးစစ်တွေပြန်စနေပါတယ်။တောင်ခမ်းဒေသကိုလဲ အင်အားအများအပြားဖြည့်တင်းထားတယ်။ထိုဒေသမှာတော့စစ်ကောင်စီကတန်ပြန်ထိုးစစ်တွေ လုပ်လာနိုင်တဲ့အခြေအနေတွေရှိနေတယ်။