မြေပြန့်ဒေသမှာစစ်ကောင်စီကိုထိုးစစ်တွေစတင်ဖို့အသံတွေကျယ်လောင်လာနေစဥ်မှာပဲစစ်ကိုင်းတိုင်းဘုတလင်မြို့နယ်မှာတော့ပြီးခဲ့တဲ့လကပြည်သူတွေကိုရက်ရက်စက်စက်သတ်ဖြတ်သွားတဲ့စစ်သူပုန်တွေဟာအင်အားတိုးပြီးရွာတွေကိုစစ်ကြောင်းပြန်ထိုးနေပါတယ်။ထိုစစ်ကြောင်းဟာဘုတလင်မြို့နယ်ထဲကရွာတွေကိုပြီးခဲ့တဲ့လကထင်တိုင်းကြဲသတ်ဖြတ်မီးရှု့သောင်းကျန်းခဲ့အပြီးမှာမုံရွာကနေလေကြောင်းမှအင်အားတိုးပြီးထပ်မံစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ဒါကြောင့်ထိုဒေသကပြည်သူသောင်းကျော်နေရပ်မပြန်ရသေးပဲဘေးလွတ်ရာကိုထွက်ပြေးနေရတယ်။ထိုစစ်ကြောင်းဟာဒေသခံပြည်သူ၅၀ကျော်ကိုဓားစာခံအဖြစ်ဖမ်းဆီးထားပြီးလူသားဒိုင်းလုပ်ထားတာကြောင့်တော်လှန်ရေးအဖွဲ့တွေအနေနဲ့တားဆီးတိုက်ခိုက်ဖို့ခက်ခဲနေပါတယ်။
စစ်ကိုင်းတိုင်းမှာအခုချိန်ထိတော်လှန်ရေးအင်အားစုတွေပြန့်ကြဲနေပြီးNUGလက်အောက်မဝင်သေးတဲ့အဖွဲ့တွေအများအပြားကျန်နေသေးတယ်။ထိုအဖွဲ့တွေကိုမစုစည်းနိုင်သ၍စစ်ကိုင်းတိုင်းဟာစစ်သူပုန်တွေလုပ်သမျှခံနေရဦးမှာပဲ။