အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီကဖမ်းဆီးလိုက်ပါတယ်။ ဒေါက်တာနေစိုးမောင်ဟာ ပြီးခဲ့တဲ့ရက်တွေက မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါ်တာဇော်မြင့်မောင်ရဲ့ဇာပနပွဲကို တက်ရောက်ခဲ့ပြီးနောက် လူမှုကွန်ယက်မှာ ဒေါက်တာဇော်မြင့်မောင်ရဲ့ လက်ထက်မှာ မန္တလေးမြို့ကြီးSmart City ဖြစ်အောင် ကြိုးပမ်းခဲ့တာ ၊ ပြည်သူတွေကို ပျော်ရွှင်အောင်ထားနိုင်တာတွေကိုလေးစားသမှုနဲ့ ဂါရဝပြုတဲ့အကြောင်း ရေးသားခဲ့တယ်။ ဒါကိုစစ်ကောင်စီက နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လူမှုကွန်ရက်ကနေ လှုံ့ဆော်တယ်ဆိုပြီး ဖမ်းဆီးလိုက်တာပါ။ စစ်တပ်ဆန့်ကျင်သူတွေကို ဒေါက်တာနေစိုးမောင်က အားပေးထောက်ခံတာကြောင့် ပြင်ပမှာလွှတ်မထားသင့်တော့ဘဲ ဖမ်းဆီးထောင်ချဖို့ နာမည်ကြီး ဟန်ငြိမ်းဦး တယ်လီဂရမ် ချန်နယ်ကလဲလှုံ့ဆော်ခဲ့ဖူးပါတယ်။
ဒေါက်တာနေစိုးမောင်ဟာ အခြားသူမဟုတ်ပဲ မင်းအောင်လှိုင်ရဲ့ဆရာဖြစ်သူ အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့သားမက်ဖြစ်ပါတယ်။ အရင်တုန်းကလဲ ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ရဲ့လူယုံတစ်ဦးဖြစ်သူ ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ကိုလဲ နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်တယ်ဆိုပြီး ဖမ်းဆီးခဲ့ပါသေးတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အရင်စစ်ဗိုလ်ချုပ်ကြီးတွေကိုလဲ ခေါင်းထဲမထည့်တော့ပါဘူး။ ဦးသန်းရွှေတို့ ဦးသိန်းစိန်တို့လဲ သူ့ကိုဆန့်ကျင်ရင် ဆရာသမားတွေဆိုတာလဲ မသိတော့ပဲထောင်ထဲထည့်တော့မှာပါ။