တရုတ်ကတော့ စစ်ကောင်စီဖက်ရပ်တည်သွားတာကို အပြောမဟုတ်အလုပ်နဲ့ပါ သက်သေပြနေပါပြီ။လာမယ့်လတရုတ်နိုင်ငံမှာပြုလုပ်မည့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများဆွေးနွေးပွဲကိုလဲ တရုတ်ကမင်းအောင်လှိုင်ကိုဖိတ်ကြားထားပါသေးတယ်။ထိုသတင်းသာအမှန်ဖြစ်လာရင် တရုတ်ကစစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုလိုက်သလိုဖြစ်သွားမှာပါ။မင်းအောင်လှိုင်အရမ်းလိုချင်နေတဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုတစ်ခုကိုလဲ ရသွားမှာပါ။ဒါဆိုရင်စစ်ကောင်စီအတွက်အရေးပါတဲ့ နိုင်ငံရေးတိုးတက်မှုတစ်ခုဖြစ်လာမှာဖြစ်ပြီး တော်လှန်ရေးအတွက်တော့စိုးရိမ်စရာပါပဲ။
အခုရှမ်းမြောက်နဲ့ကချင်မှာစစ်ကောင်စီနဲ့ တရုတ်ပေါင်းလုပ်နေတဲ့ တော်လှန်ရေးထိန်းချုပ်နယ်မြေတွေအပေါ်ဖြတ်လေးဖြတ်လုပ်နေတာကလဲ စိုးရိမ်ဖို့ကောင်းပါတယ်။တရုတ်ဟာMNDAAသိမ်းထားတဲ့ လားရှိုးမြို့ကိုတောင် စစ်ကောင်စီကိုပြန်ပေးစေချင်နေတာပါ။အခြားသိမ်းပိုက်နယ်မြေတချို့ကလဲ ဆုတ်ခွာပေးရမယ်လို့ ဖိအားပေးထားပါတယ်။ဒါတော့ဘယ်လိုမှ မဖြစ်နိုင်ဘူးထင်တယ်။တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က အသက်သွေးချွေးပေါင်းများစွာရင်းပြီး ဖိအားများစွာအောက်ကတိုက်ယူထားရတာပါ။မြောက်ပိုင်းအဖွဲ့တွေကတော့ တကယ့်ကိုဘေးကျပ်နံကျပ်ဖြစ်နေပါပြီ။ပြည်သူတွေအနေနဲ့ သူတို့ကိုဝိုင်းရံပေးဖို့လိုပါတယ်။