နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်ဖက်ကတဖက်သပ်ပိတ်လိုက်ခြင်းမှာ ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ဆိုးကျိုးတွေချက်ချင်းခံစားရမှာကတော့ နိုင်ငံမြောက်ပိုင်းက စစ်ကောင်စီကိုအဓိကတိုက်ခိုက်နေတဲ့EAOနယ်မြေတွေပါပဲ။ကချင်နဲ့ရှမ်းမြောက်ဒေသတွေဟာ အရင်ကတည်းက တရုတ်ဘက်ကသွင်းကုန်တွေကအဓိက အားပြုပြီးမှီခိုနေရတာပါ။အခုလိုပိတ်လိုက်တဲ့အတွက် ဒေသခံတွေရဲ့စားဝတ်နေရေးအခြေအနေတွေ အထိပါအကျိုးသက်ရောက်မှုတွေရှိလာပါလိမ့်မယ်။ပြီးရင်နောက်တဆင့်ထိမှာကတော့ စစ်ကောင်စီထိန်းချုပ်ဒေသအတွင်းမှာရှိတဲ့ ပြည်မကပြည်သူတွေပါပဲ။မြန်မာပြည်ဟာထိုင်းနဲ့တရုတ်က သွင်းကုန်တွေနဲ့ပဲအဓိကရပ်တည်နေကြရတယ်။အခုတရုတ်က လုံးဝပိတ်ချလိုက်ပြီ။ထိုင်းဘက်ကသွင်းကုန်တွေကလဲ မြဝတီလမ်းကြောင်းမှာတိုက်ပွဲတွေ မကြာခဏဖြစ်နေတဲ့အတွက် ချောချောမွေ့မွေ့မရှိပါဘူး။အဲ့ဒီတော့အခြေခံလူသုံးကုန်ပစ္စည်းကအစ စျေးတွေတက်ပြီးပစ္စည်းပျက်တဲ့အထိ ဖြစ်လာပါလိမ့်မယ်။ကုန်စျေးနှုန်းလဲ ထပ်တက်လာပါဦးမယ်။နောက်လတွေလောက်ကျရင် ဒီအကျိုးသက်ရောက်မှုကို စတင်ခံစားရလိမ့်မယ်။
မေ ၀၄၊ ၂၀၂၅။ (တနင်္ဂနွေ)
စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးတာ တစ်လကျော်ကြာခဲ့ပါပြီ။ဒီတစ်လအတွင်းမှာ ငလျင်ဒဏ်သင့် ပြည်သူတွေရဲ့နေထိုင်မှုဘဝအခြေအနေကတော့ တိုးတက်လာခြင်းမရှိသေးပါဘူး။အိမ်ပြိုသွားပြီး...