အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်းက တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်ဆီးရန်အတွက် လမ်း ကြောင်းများတွင် စောင့်ကြည့်ဖမ်းဆီးရမည့်အပြင် ဂိုဒေါင်များနှင့်သိုလှောင်ရုံများကိုလည်း လိုက်လံစစ်ဆေး ဖမ်းဆီးရမည်ဖြစ်ကြောင်း၊ ထို့ပြင် စျေးကွက်များအတွင်းထိပါ ကွင်းဆင်း၍ ဖမ်းဆီး စစ်ဆေးအရေးယူရမည်ဟု အမိန့်ပေးပြီးနောက် ထိုင်းနှင့်တရုတ်ထုတ် လူသုံးကုန်နှင့်စားသောက်ကုန်များကို တရားဝင် သွင်းကုန်လိုင်စင်ဖြင့် တင်သွင်းခြင်းမဟုတ်လျှင် ကုန်တိုက်၊ စျေးဝယ်စင်တာ၊ မီနီမတ်များနှင့် ရပ်ကွက်စျေးအရောင်းဆိုင်များတွင် ရောင်းချခြင်းမပြုရန် သတိပေးလာပါတယ်။ စစ်ကောင်စီပြောတဲ့ပုံစံက သွင်းကုန်လိုင်စင်နဲ့ တရားဝင် အထောက်အထားမရှိရင် ဘယ်ပြည်ပက ထုတ်တဲ့ လူသုံးကုန်၊ စားသောက်ကုန် ရောင်းလို့မရဘူး၊ ရောင်းရင် ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အရေးယူခံရနိုင်တယ်။ ရောင်းမယ်ဆိုရင်လည်း မြန်မြန်ကုန်အောင်ရောင်းရမယ်။ လာစစ်တဲ့အချိန် ယိုးဒယားပစ္စည်းတွေ မိရင် အသိမ်းခံရမယ့်အပြင် လူပါ အဖမ်းခံရမယ်။ စစ်ကောင်စီက ကုန်တိုက်များ၊ စျေးဝယ်စင်တာများနှင့် ရောင်းဝယ်ရေး ကုမ္ပဏီများကိုလည်း တရားဝင် သတိပေးမှုများ ရှိနေတယ်။ ဒီအခြေအနေဟာ ဆိုရှယ်လစ်ခေတ်ပုံစံအတိုင်း ဖြစ်လာနေပြီ၊ အာဏာရှင် နေဝင်းလက်ထက်မှာ ပြည်ပမှ ကုန်ပစ္စည်းများမှန်သမျှကို တရားမဝင်ဟုတ် သတ်မှတ်ပြီး ပြည်တွင်းထုတ်ကုန်များကို တစ်နေရာမှ တစ်နေရာ သယ်ယူရာတွင် မှောင်ခို သယ်ယူခဲ့ရတယ်။ သူတို့ပြောတဲ့အတိုင်းသာ တကယ်လုပ်မယ်ဆိုရင် တနိုင်ငံလုံးက စျေးဝယ်စင်တာကြီးတွေ ပိတ်ရကိန်းပဲ။ ပြည်သူတွေလဲ ရွှေဝါဆပ်ပြာနဲ့ ကိုယ်တိုက်ပြီး တရော်ကင်းပွန်းနဲ့ ခေါင်းလျှော်ရမယ့် ကိန်းပြန်ဆိုက်နေပြီ။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


