ကချင်ပြည်နယ်ပန်ဝါမြို့ကို သိမ်းအပြီးမှာပဲတရုတ်က KIAကိုဖိအားပေးလာပါတယ်။KIAကစစ်ကောင်စီကို ထိုးစစ်ဆင်နေမှုတွေကိုရပ်တန့်ဖို့ တရုတ်ကိုယ်စားလှယ်ကပြောလာတယ်။ဒါ့ပေမယ့်တရုတ်ဖက်ကတောင်းဆိုမှုကို KIAကလက်ခံခဲ့ခြင်းမရှိပါဘူး။နှစ်ဖက်တွေ့ဆုံနေစဉ်အတွင်းနဲ့ တွေ့ဆုံအပြီးမှာလဲ KIAရဲ့ထိုးစစ်တွေဟာအရှိန်မပြတ်ဆက်ရှိနေပါတယ်။
တရုတ်ဟာစစ်ကောင်စီကို အလျော့ပေးဖို့တရုတ်နယ်စပ်အခြေစိုက်EAOတွေကို တောက်လျောက်ဖိအားပေးနေပါတယ်။ယခုမတိုင်မီကလဲကိုးကန့်တပ် MNDAA၊တအောင်းတပ်TLNAနဲ့ဝတပ်UWSAတို့ကိုထိုးစစ်တွေဆက်မလုပ်ဖို့ ပြင်းထန်တဲ့ဖိအားတွေပေးခဲ့ပါတယ်။MNDAAဆိုရင် ထိုးစစ်တွေဆက်မလုပ်တော့မယ့်အကြောင်းကို စာထုတ်ပြီးတောင်တုန့်ပြန်ပေးခဲ့ရတယ်။အခုတော့ KIAဆီပါရောက်လာပြီပေါ့။KIAအနေနဲ့ကတော့ တရုတ်အပေါ်မြောက်ပိုင်းမဟာမိတ်တပ်တွေလောက် မှီခိုမှုသိပ်မရှိတဲ့အတွက်တရုတ်စကားကို အတိအကျလိုက်နာစရာတော့လိုမှာမဟုတ်ဘူး။ဒါပေမယ့်လဲကချင်ပြည်နယ်နဲ့ နယ်စပ်ခြင်းထိစပ်နေတဲ့အတွက်ဖိအားကတော့ အနည်းနဲ့အများရှိနေဦးမှာပဲ။