ကချင်ပြည်နယ်မြောက်ပိုင်းတရုတ်နယ်စပ်အနီးက ပန်ဝါမြို့ကိုKIAက သိမ်းပိုက်နိုင်လိုက်ပါပြီ။ပြီးခဲ့တဲ့သီတင်းပတ်တွေကချီဖွေနဲ့ ဆောလော့မြို့တွေကိုသိမ်းပိုက်အပြီးမှာ ပန်ဝါကိုထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်။ထိုမြို့ပတ်ဝန်းကျင်မှာတော့ စစ်ကောင်စီတပ်အနည်းငယ်သာရှိပြီး စစ်တပ်လက်အောက်ခံကချင်BGFတပ်ရင်းတွေသာ ထိန်းချုပ်ထားတယ်။ထိုတပ်ရင်းတွေကို KIAတစ်ခုပြီးတစ်ခုသိမ်းပိုက်ပြီး မြို့ကိုထိန်းချုပ်နိုင်လိုက်ပါပြီ။
ပန်ဝါမြို့ဟာနာမည်ကျော် မြေရှားသတ္ထုတူးဖော်ရေးလုပ်ကွက်တွေနဲ့ ထင်ရှားတဲ့မြို့တစ်ခုဖြစ်တယ်။ထိုလုပ်ကွက်တွေကိုကချင် BGFတွေနဲ့ စစ်ကောင်စီကထိန်းချုပ်ထားပြီး တရုတ်နိုင်ငံကိအဓိကထား တင်ပို့နေတယ်။အခုတော့ထိုလုပ်ကွက်တွေအားလုံး KIAလက်ထဲရောက်သွားတော့မှာပါ။မြေရှားသတ္တူအသဲအသန်လိုနေတဲ့ တရူတ်နိုင်ငံအတွက်KIAနဲ့တစုံတရာညှိနှိုင်းဖို့ လိုလာလိမ့်မယ်ထင်တယ်။