ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း၁၀၀ကျော်ဖမ်းဆီးရမိပြီးစစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေကိုတော့ ပြန်လွှတ်ပေးလိုက်ပါတယ်။စစ်ကောင်စီတပ်သားတွေ တိုက်ပွဲအတွင်းသုံးစွဲခဲ့တဲ့ မူးယစ်ဆေးဝါးတွေလဲမနည်းမနောပဲ။စစ်ဆေးမှုတွေအရ စစ်ကောင်စီတပ်သားတွေဟာ မူးယစ်ဆေးဝါးမသုံးစွဲရင် စစ်တိုက်လို့မရတော့ဘူးလို့သိရတယ်။သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေလဲ အမြောက်အမြားပါပဲ။လက်နက်ငယ်အလက်၄၀၀ ကျော်ရရှိလိုက်တယ်ဆိုတော့ အနည်းဆုံးPDFတပ်ရင်း၂ရင်းခန့်ကို လက်နက်တပ်ဆင်ပေးနိုင်မှာပေါ့။ထိုမြို့သိမ်းတိုက်ပွဲမှာရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေဟာ စစ်ကိုင်းတိုင်းအတွင်းကတိုက်ပွဲတွေမှာ အများဆုံးလို့သိရတယ်။အရင်ကောလင်းမြို့သိမ်းတိုက်ပွဲမှာတောင် ဒီလောက်များများမရခဲ့ဘူး။ကောလင်းမြို့ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်လက်လွတ်ထားရတယ်။မြို့ထဲမှာစစ်အုပ်စုက မြေမြုပ်မိုင်းတွေအများအပြားထောင်ထားခဲ့လို့ ဒေသခံတွေကတော့မြို့ထဲပြန်ဝင်လို့မရသေးပါဘူး။
ပင်လည်ဘူးမြို့ကိုသိမ်းနိုင်ပေမယ့် စိတ်မချရသေးပါဘူး။အရှေ့ဘက်မှာ စစ်တပ်အခြေစိုက်ရာ ဝန်းသိုမြို့ ကျန်နေသေးတယ်။ကောလင်းတုန်းကလဲ စစ်ကောင်စီက ဝန်းသိုမြို့ဘက်က စစ်ကြောင်းထိုးပြီးပြန်သိမ်းသွားတာပါ။ဒါ့အပြင် စစ်ကိုင်းတိုင်းအထက်ပိုင်းကို ထိန်းချုပ်နိုင်ဖို့ဆိုရင် အင်းတော်နဲ့ထီးချိုင့်မြို့တို့ကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ လိုပါသေးတယ်။