ယခင်အရပ်သားအစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ဆုံးပါးသွားခဲ့ပြီဖြစ်ပါတယ်။သူ့ကိုစစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ မတရားဖမ်းဆီး ထောင်ချထားခဲ့ပါတယ်။သွေးကင်ဆာရောဂါခံစားနေရပေမယ့် ထောင်ထဲမှာလိုအပ်တဲ့ ဆေးကုသမှုတွေမပေးခဲ့ပါဘူး။ရောဂါဝေဒနာအတော်ဆိုးလာမှ မန္တလေးဆေးရုံကို ပို့ဆောင်ခဲ့တယ်။မနေ့ကတည်းက သတိလွတ်မေ့မျောနေခဲ့ပြီး ဒီနေ့မှာတော့ဆုံးပါးသွားခဲ့တယ်။သတိလစ်မေ့မျောနေချိန်မှာ စစ်ကောင်စီကလွတ်ငြိမ်းချမ်းသာခွင့်ကို လာဖတ်ပြသွားသေးတယ်။စေတနာရှိလို့မဟုတ်ပဲ သေတော့မှာသေချာလို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပါ။အခုတော့တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့အာဇာနည်တစ်ဦးကို စစ်ကောင်စီကအနုနည်းနဲ့ သတ်ဖြတ်လိုက်ပါပြီ။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


