Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

အောက်တိုဘာ ၀၅၊ ၂၀၂၄။ (စနေ)

တရုတ်အစိုးရရဲ့ ရပ်တည်ချက်တွေမှာ အဓိကအချက်တစ်ခု ကျန်ပါသေးတယ်။

October 5, 2024
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

တရုတ်အစိုးရရဲ့ ရပ်တည်ချက်တွေမှာ အဓိကအချက်တစ်ခု ကျန်ပါသေးတယ်။ အဲ့ဒါကတော့ မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံကို ထူထောင်ထားသူဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရသို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက စစ်တပ်ကို အစားထိုးဝင်ရောက်၍ မရနိုင်ကြောင်း၊ စစ်တပ်ပြိုကျပြီး အနောက်နိုင်ငံများနှင့် နီးစပ်သည့် NUG နှင့် PDF အုပ်စုများ အနိုင်ရသွားမည်ကို တရုတ်ကလုံးဝလက်ခံ မည်မဟုတ်ကြောင်းတွေ့ဆုံပွဲမှာထည့်သွင်းပြောကြားသွားတာပဲ။ ဒါကိုကြည့်ခြင်းအားဖြင့် တရုတ်ဟာစစ်ကောင်စီဘက်မှာ ပြတ်ပြတ်သားသားရပ်တည်လိုက်ပြီလို့ ဆိုနိုင်တယ်။ NUG PDF ကိုလုံးဝလက်မခံကြောင်း ထုတ်ပြောထားတယ်။ အရင်က တရုတ်ဟာ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကြိုးပမ်းခဲ့​​​ပေမယ့် အခုတော့ဒါကိုစွန့်လွတ်လိုက်ပြီလို့ ဆိုနိုင်တယ်။

သိရတဲ့ ထိုအချက်အလက်တွေရဲ့ အကျိုးဆက်က တော်လှန်ရေးအပေါ် အကျိုးသက်ရောက်မှု ကြီးမားပါတယ်။ နိုင်ငံရေး တော်လှန်ရေး စစ်ရေးခေါင်းဆောင်တွေ ဘာဆက်လုပ်ကြမလဲ တကယ့်ကို အကြပ်အတည်းပါပဲ။ ဒီနေ့ ဒီချိန်မှာ ဘာဆက်လုပ်ကြမလဲဆိုတာ နိုင်ငံရေး စစ်ရေး တော်လှန်ရေးခေါင်းဆောင်တွေ အဖက်ဖက်က တွက်ချက် ဆုံးဖြတ်ရတော့မယ့်အကြပ်အတည်းအချိန် ဖြစ်နေပြီဖြစ်တယ်။ အရှိန်အဟုန် ပြင်းပြင်း အမြစ်ပြတ်အောင် တပြိုင်တည်း ဆက်တော်လှန်ယုံမှတပါး တော်လှန်ရေးဘက်ခြမ်းမှာ ရွေးချယ်စရာ မရှိပါဘူး။တရုတ်ဖိအားကို ဒီတကြိမ် ငြိမ်ခံလိုက်ရင် တရုတ်ဖိအားကိုရော စစ်ကောင်စီရဲ့ စစ်ရေးဖိအားကိုပါ နောက်တချိန်လုံး ခံစားရတော့မှာမို့ ဆိုင်ရာခေါင်းဆောင်တွေ ဆုံးဖြတ်ချက် မှန်ဖို့မျှော်လင့်ပါတယ်။

 

Related Posts

အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၂၆၊ ၂၀၂၅။ (စနေ)

October 26, 2025

ကရင်ပြည်နယ်မြဝတီမြို့အနီးတဝိုက်ကကျားဖြန့်လုပ်ငန်းတွေကိုစစ်တပ်ကဝင်ရောက်စီးနင်းနေပါတယ်။ဒီတခါတော့ဟန်ပြမဟုတ်တော့ပဲကျားဖြန့်လုပ်ငန်းတွေကအလုပ်သမားတွေထွက်ပြေးနေရတယ်။အလုပ်သမားတွေထဲမှာမြန်မာလူမျိုးတွေရော၊နိုင်ငံခြားသားတွေပါပါဝင်နေတယ်။မြန်မာတွေကကြုံရာနေရာဒေသတွေကိုပြေးကြသလိုနိုင်ငံခြားသားတွေကတော့ထိုင်းနိုင်ငံဘက်ထွက်ပြေးကြတယ်။ဒါပေမယ့်ကျားဖြန့်ထိပ်ပိုင်းခေါင်ဆောင်တရုတ်လူမျိုးတွေကိုတော့စစ်တပ်နဲ့BGFတွေကအကာအကွယ်ပေးထားဆဲပါ။ စစ်အုပ်စုဟာသူတို့အတွက်ပိုက်ဆံရှာပေးနေတဲ့ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းပြရတာဟာအကြောင်းတရားတော့ရှိပါတယ်။မကြာမီရက်ပိုင်းအတွင်းအာဆီယံထိပ်သီးအစည်းအဝေးကျင်းပတော့မှာဖြစ်ပြီးထိုအစည်းအဝေးမှာကျားဖြန့်တွေနဲ့ပတ်သက်ပြီးအရေးယူမှုတွေရှိလာမှာစိုးလို့လက်ဦးအောင်ဟန်ပြနှိမ်နင်းရခြင်းပါ။အခုလိုလုပ်လိုက်လို့လဲကျားဖြန့်လုပ်ငန်းတွေပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။စစ်အုပ်စုကနိုင်ငံတကာကိုအ​ချိန်ကိုက်လှည့်စားတဲ့သဘောပါပဲ။

အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၂၅၊ ၂၀၂၅။ (သောကြာ)

October 25, 2025

ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌဒေါ်သက်သက်ခိုင်ကိုစစ်ကော်မရှင်ကရွေးကောက်ပွဲဝင်ခွင့်မပေးခြင်းမှာနောက်ကွယ်ကအကြောင်းတရားတွေရှိနေသေးတယ်။သူ့အရင်ကလဲNDFပါတီကဒေါ်စန္ဒါမင်းကိုရွေးကောက်ပွဲဝင်ပြိုင်ခွင့်ပိတ်ပင်ခဲ့သေးတယ်။ထိုပါတီနှစ်ခုလုံးဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ရောက်ယှဥ်ပြိုင်နိုင်တဲ့ပါတီတွေဖြစ်တယ်။အပိတ်ခံရသူနှစ်ဦးလုံးဟာလူသိများတဲ့သူတွေဖြစ်ကြပြီးသက်ဆိုင်ရာပါတီတွေရဲ့ခေါင်းဆောင်ပိုင်းတွေပါ။ထိုသူတွေကိုအခုကတည်းကဦးချိုးလိုက်ခြင်းအားဖြင့်စစ်အုပ်စုဟာနောင်မှာသူတို့ကိုအတိုက်အခံလုပ်နိုင်မယ့်သူတွေကိုဖယ်ရှားလိုက်ခြင်းသဘောပါပဲ။ပါတီစုံဒီမိုကရေစီလို့စစ်တပ်ကတွင်တွင်အော်နေပေမယ့်လဲဒီမိုကရေစီနဲ့ပတ်သတ်ပြီးမျိုးစေ့တောင်စိုက်ခွင့်မပေးပါဘူး။ဒီလိုအချိန်မှာစစ်တပ်ပါးစပ်ကထွက်လာတဲ့ဒီမိုကရေစီကိုယုံကြည်နေသူတွေကိုလဲအံသြမိတယ်။ ဒေါ်စန္ဒာမင်းနဲ့ဒေါ်သက်သက်ခိုင်ပြီးရင်အလှည့်ကျလာမယ့်သူနောက်တစ်ဦးကျန်ပါသေးတယ်။သူ့ကတော့၈၈မျိုးဆက်ကျောင်းသားခေါင်း​ဆောင်ဟောင်းပြည်သူ့ပါတီဥက္ကဌဦးကိုကိုကြီးပါ။သူ့ကိုသာစစ်အုပ်စုကရွေးကောက်ပွဲဝင်ပြိုင်ခွင့်ငြင်းပယ်လိုက်မယ်ဆိုရင်စစ်အုပ်စုဟာသူတို့အတွက်အတိုက်အခံဖြစ်လာနိုင်တဲ့အရာမှန်သမျှအခုကတည်းကချိုးနှိမ်ထားဖို့လုပ်ဆောင်နေတာသေချာသလောက်ပါပဲ။

အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၂၄၊ ၂၀၂၅။ (ကြာသပတေး)

October 24, 2025

ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌဒေါ်သက်သက်ခိုင်ကိုရွေးကောက်ပွဲဝင်ပြိုင်ခွင့်စစ်ကော်မရှင်ကပိတ်ပင်လိုက်ပါတယ်။သူမဘဏ်တွေချေးယူထားတဲ့ဘီလီယံနဲ့ချီတဲ့ငွေတွေပြန်မဆပ်နိုင်သေးတဲ့အကြောင်းပြချက်နဲ့ပိတ်ပင်လိုက်တာပါ။ ဒေါ်သက်သက်ခိုင်ဟာအရင်ကNLD ပါတီကနေရွေးကောက်ပွဲဝင်ပြီးအနိုင်ရဖူးတယ်။ဒါပေမယ့်NLDပါတီကိုခြေစုံကန်ပြီးပြည်သူရှေ့ဆောင်ပါတီကိုတည်ထောင်ခဲ့တယ်။ပြီးခဲ့တဲ့၂၀၂၀ ရွေးကောက်ပွဲမှာဝင်ပြိုင်ခဲ့ပေမယ့်တစ်နေရာမှအနိုင်မရခဲ့ပါဘူး။အာဏာသိမ်းဖို့စစ်တပ်ကိုဆော်သြကြတဲ့ပါတီတွေထဲမှာဒေါ်သက်သက်ခိုင်ရဲ့ပါတီလဲပါတယ်။အာဏာသိမ်းပြီးနောက်တော့လဲစစ်ကောင်စီအစိုးရအဖွဲ့ထဲမှာအရေးမပါတဲ့ဝန်ကြီးတစ်နေရာရလိုက်သေးတယ်။အခုတော့စစ်တပ်ကအလိုမရှိတော့လို့မခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့ကန်ထုတ်လိုက်ပါပြီ။ရွေးကောက်ပွဲတောင်ဝင်ပြိုင်ခွင့်မပေးတော့ဘူးဆိုတော့အရိုးတောင်ကိုက်ခွင့်မပေးတော့တဲ့သဘောပဲ။ပြည်သူကိုသစ္စာဖောက်ခဲ့တဲ့သူအတွက်ဘယ်သူမှဝမ်းနည်းမနေပါဘူး။

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English