စစ်ကောင်စီရဲ့ဖိတ်ခေါ်မှုကို EAO နဲ့PDF တွေကပြတ်ပြတ်သားသား ဆန့်ကျင်ကြပါတယ်။အများစုကစစ်ကောင်စီအနေနဲ့ လက်နက်ချမှတွေ့ဆုံဆွေးနွေးရေး စဉ်းစားမယ်လို့ ပြောထားကြတယ်။တော်လှန်ရေးဘက်က တဖြည်းဖြည်းနဲ့အရေးသားလာချိန်မှာ တွေ့ဆုံဆွေးနွေးရေးကို ဘယ်သူမှ စိတ်ဝင်စားမှာမဟုတ်ဘူး။စစ်ကောင်စီဘက်ကလဲ သူတို့ကိုယ်သူတို့ရှုံးနေတယ်လို့ အခုထိမထင်သေးပါဘူး။ဒါဆိုရင်ဘာလို့ နိုင်ငံရေးလမ်းကြောင်းက ဆွေးနွေးမယ်လို့ခေါ်လဲဆိုရင် နိုင်ငံတကာကိုအပြကောင်းအောင်လို့ပါ။ငါတို့ကဆွေးနွေးဖို့ ခေါ်တယ်နော်၊သူတို့ကမလာတာ ဆိုတဲ့ပုံစံမျိုးပြချင်တာပါ။အဓိကအားဖြင့် တရုတ်ကိုပြချင်တာပါ။အာဆီယံနဲ့ အခြားနိုင်ငံတွေကတော့ မြန်မာ့အရေးလက်ရှောင်ထားတာကြာပြီ။ပြီးရင်တော့စစ်ကောင်စီဟာ ဒီထပ်ပိုပြီး အကြမ်းဖက်ပါတော့မယ်။အခုတောင် ဆွေးနွေးဖို့ခေါ်နေတဲ့အချိန်မှာပဲ လားရှိုးကိုဗုံးကြဲနေတာပဲလေ။