မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ကိုတိုက်ခိုက်နေတဲ့EAO တွေနဲ့PDF တွေကိုလက်နက်ကိုင်လမ်းစဥ်ကိုစွန့်လွတ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ငြိမ်းချမ်းရေး ဆွေးနွေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။ပြောချင်တာကတော့ EAOတွေလက်နက်စွန့်ပြီး ပါတီထောင်၊ရွေးကောက်ပွဲဝင်ပြိုင်ပေါ့။မြန်မာပြည်အကြောင်း သေချာမသိသူတွေရဲ့အမြင်မှာဆိုရင်တော့ ဒီဖိတ်ခေါ်မှုကြောင့်မြန်မာပြည်ကြီး ငြိမ်းချမ်းတော့မယ်ထင်ကြမှာပဲ။။အဲ့ဒီလောက်အထိ မရိုးရှင်းပါဘူး။တနိုင်ငံလုံးကို ဗုံးကြဲ၊လူသတ်၊လုယက်ဖျက်စီးနေတဲ့ စစ်ကောင်စီဟာ ငြိမ်းချမ်းရေးဆွေးနွေးချင်ပါတယ်ဆိုတာ ဘယ်သူမှယုံမှာမဟုတ်ပါဘူး။သူတို့ကဟန်ပြသာ ထုတ်ပြောနေတာပါ။ထိုဖိတ်ခေါ်မှုကြောင့်လဲ ဘာမှထူးခြားလာမှာမဟုတ်ပါဘူး။
ဇွန် ၀၂၊ ၂၀၂၅။ (တနင်္လာ)
ရန်ကုန်လူဦးရေရဲ့ တဝက်နီးပါးလောက်ဆင်းရဲနေတယ်ဆိုပေမယ့် အထိနာဆုံးကတော့အခြေခံလူတန်းစားတွေပါပဲ။ လုပ်ခလစာနည်းပါးမှုနဲ့ ဆက်တိုက်မြင့်တက်လာနေသော...