လာမယ့်အောက်တိုဘာလ၁ရက်နေ့မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်မယ်လို့ စစ်ကောင်စီကကြေညာထားပါတယ်။ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံမှာသန်းခေါင်စာရင်းကောက်မယ်ဆိုတာ ရယ်စရာပဲ။တကယ်တော့ သန်းခေါင်စာရင်းဟာစစ်ကောင်စီအတွက်ဟန်ပြပါပဲ။ရွေးကောက်ပွဲလုပ်ဖို့ သန်းခေါင်စာရင်းကောက်မှာလို့ ပြောထားတဲအတွက်ရွေးကောက်ပွဲအတွက် အချိန်ဆွဲတဲ့သဘောပါပဲ။တော်လှန်ရေးအဖွဲ့တွေဘက်ကလဲ ထိုသန်းခေါင်စာရင်းကိုm ကန့်ကွက်ထားကြပါတယ်။ထိုလုပ်ငန်းကို ကူညီသူတွေကိုပါ အရေးယူမယ်လို့ပြောထားတယ်။
ဘာပဲပြောပြောစစ်ကောင်စီကတော့ အဖြစ်သဘောနဲ့ဖြစ်အောင်လုပ်သွားမှာပဲ။အချက်အလက်တွေမှန်မမှန်ကို သူတို့စိတ်မဝင်စားပါဘူး။တကယ်တော့ ထိုသန်းခေါင်စာရင်းဟာ တော်လှန်ရေးကို မထိခိုက်နိုင်သေးဘူး။နောက်နှစ်မှာ ကျင်းပမယ်လို့ စစ်ကောင်စီကကြေညာထားတဲ့ အတုအယောင်ရွေးကောက်ပွဲကသာ တော်လှန်ရေးအတွက်အရေးကြီးတာပါ။