အင်းလေးကန်အနီးက နာမည်ကျော်ခရီးသွားမြို့လေးဖြစ်တဲ့ ကလောမြို့မှာလဲ ရေဘေးကိုအတော်လေးခံလိုက်ရပါတယ်။တောင်ပေါ်မြို့ဖြစ်တာကြောင့်မြေပြိုမှုတွေပါရှိခဲ့ပြီး အိမ်တွေအလုံးလိုက် မြေအောက်ရောက်ကုန်ကြတယ်။မိသားစုလိုက်ပျောက်ဆုံး၊သေဆုံးမှုတွေရှိခဲ့တာကြောင့် ထိုတစ်မြို့ထဲမှာတင် ပျောက်ဆုံးသေဆုံးသူ တစ်ရာကျော်ရှိနေတယ်။အခုတော့ရေကျသွားပေမယ့် မြို့ထဲမှာတင်နေတဲ့နှုန်းနှစ်တွေကို ခက်ခက်ခဲခဲရှင်းလင်းနေရတယ်။မြို့ရှင်းလင်းရေးလုပ်ငန်းတွေကို စစ်ကောင်စီကဘာမှကူညီပေးခြင်းမရှိပဲ ကိုယ်ထူကိုယ်ထလုပ်ဆောင်နေရတယ်။
မန္တလေးတိုင်းအလယ်ပိုင်းမှာတော့ အခုချိန်ထိတချို့ရွာတွေ ရေနစ်နေဆဲပဲ။မြစ်သားမြို့ကရွာတစ်ချို့ဟာ အနီးရှိကင်းတာဆည်က ရေဆက်လွတ်နေတာကြောင့် အခုချိန်ထိ ရေမကျသေးပါဘူး။မြေပြန့်ကမြို့ရွာတွေမှာတော့ လူသေဆုံးမှုတွေအပြင် အိမ်မွေးတိရိစ္ဆာန်တွေ၊ကျွဲနွားတွေ ထောင်ချီသောင်းချီဆုံးရှုံးခဲ့ပါတယ်။