တရုတ်ကြားခံငြိမ်းချမ်းရေးဆွေးနွေးပေးရန် MNDAAတောင်းဆိုပြီး ၃ရက်အကြာ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းကထပ်မံတိုက်ခိုက်ခဲ့ပါတယ်။မနေ့ည ၁၀နာရီ၁၅မိနစ်နှင့် ၁၀နာရီ ၂၀မိနစ် ကြားတွင် အင်အားပြင်း ဗုံးနှစ်လုံးကြဲသွားခြင်းဖြစ်တယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုကို မသိရှိရသေးဘူး။ထိုမတိုင်မီ စက်တင်ဘာ ၁၃ရက်ညကလည်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာကို စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်ရာ အရပ်သားငါးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ်။ လားရှိုးကို ဗုံးကြဲနေတာမကြာခဏဆိုသလို ဖြစ်နေပါပြီ။
MNDAA ကတော့ လားရှိုးမြိူ့ကို စစ်ကောင်စီ ဗုံးထကြဲနေခြင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ရန်ဆောင်ရွက်နေမှုတွေကို အလဟဿ ဖြစ်စေမည်ဟု သတိပေးလိုက်တယ်။ စစ်ကောင်စီသာ ဗုံးတွေဆက်ကြဲနေမယ်ဆိုရင်တော့ MNDAA ဟာထိုးစစ်တွေတချိန်မှာပြန်လည်စတင်လာနိုင်ပါတယ်။