ပြည်ပရောက်လုပ်သားတွေရဲ့၃ လစာ လွှဲပို့ငွေတွေကို အေဂျင်စီတွေမှတဆင့် စစ်ကောင်စီက တောင်းနေပါတယ်။ပြည်ပအကျိုးဆောင်လိုင်စင်ရအေဂျင်စီ တွေကနေ နိုင်ငံအလိုက် စေလွှတ် ခဲ့ တဲ့ အလုပ်သမားတွေရဲ့ မိသားစုလွှဲ ပို့ငွေ အထောက်အထားတွေကို တင်ပြရမယ်လို့ သိရတယ်။ တကယ်လို့မတင်ပြနိုင်ရင် အလုပ်ခေါ်စာအသစ်(Demand Letter)တင်ပြခွင့်ရပ်ဆိုင်းမယ့်အပြင် အလုပ်သမားစေလွှတ်ခွင့် လုပ်ငန်းစဉ်ပါ ဆိုင်းငံ့မယ် လို့ ခြိမ်းခြောက်ထားတယ်။ ဒါ့ကြောင့် တစ်ချို့ အေဂျင်စီ တွေ ဆို အလုပ်သမားတွေဆီက မရလို့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် စိုက်လွှဲပြီး အလုပ်သမား လွှဲပို့သလို လုပ်နေရတယ်။ အလုပ်သမားတွေကလဲ လွဲချင်မှလွဲကြမှာပေါ့။ စစ်ကောင်စီက စျေးနှိမ်ယူထားတာလေ။ အေဂျင်စီတွေကလဲ အလုပ်သမားတွေကို တရားဝင်လမ်းကြောင်းကနေ လွှဲ ပေးဖို့ ပြောပေးလို့ပဲရပြီး အတင်း အကျပ် ကြီး လုပ်လို့မရပါဘူး။ စစ်ကောင်စီကတကယ်သာ အရေးယူမယ်ဆိုရင် အခုလို ပုံစံနဲ့အေဂျင်စီ တွေ လိုင်စင်ပြန်အပ်ဖို့ ပိုများလာလိမ့်မယ်။ ဘယ်လုပ်ငန်းမှ စစ်ကောင်စီလက်ထက်မှာအဆင်ပြေပြေရှိမနေပါဘူး။
ဇန်နဝါရီ ၂၉၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ဒီနေ့ဟာတရုတ်နှစ်ကူးနေ့ပါ။အရင်ကမြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်တရုတ်နှစ်ကူးကို ရုံးပိတ်ရက်သတ်မှတ်မပေးဘူး။အခုမင်းအောင်လှိုင်လက်ထက်ကျမှ တရုတ်ကိုအဖေခေါ်ပြီးရုံးပိတ်ရက်သတ်မှတ်လိုက်တယ်။တရုတ်နှစ်ကူးပွဲကိုတော့ ဒီနိုင်ငံမှာထူးထူးခြားခြားဘာမှမပြုလုပ်ကြပါဘူး။ရန်ကုန်ကတရုတ်တန်းတဝိုက်...