တရုတ်ရဲ့ဖိအားတွေကြောင့်နဲ့ ရေဘေးကြောင့် တနိုင်ငံလုံးမှာတိုက်ပွဲတွေ ခေတ္တရပ်တန့်သလို ဖြစ်သွားတယ်။စစ်ကောင်စီအတွက်တော့ အသက်ရှူချောင်သွားတာပေါ့။ဒါပေမယ့် TLNAက တောင်ခမ်းနဲ့သီပေါမြို့ကို အပြီးသတ်ရရှိရေး ဆက်လက်တိုက်ခိုက်နေသလို ကချင်ပြည်နယ်မှာလဲKIAနဲ့စစ်တပ်တို့ ကျောက်စိမ်းထွက်ရှိရာဖားကန့်မြို့မှာ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေတယ်။ဒါ့အပြင် ဧရာဝတီမြစ်အထက်ပိုင်းမှာမြစ်ကြောင်းကို အသုံးပြုပြီး စစ်တပ်ကလက်နက်နဲ့ရိက္ခါတွေ ပို့ဆောင်နေတာကြောင့် ထိုစစ်ရေယာဥ်အုပ်စုကို တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေတယ်။စစ်ကိုင်းတိုင်းထဲမှာတော့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဟာ စစ်တပ်ကခြေကုတ်ယူထားတဲ့ ပျူစောထီးရွာတွေကို ဆက်လက်စီးနင်းတိုက်ခိုက်နေဆဲပါပဲ။အခြားဒေသတွေမှာတော့ စစ်ရေးထပ်ရေဘေးကို ဦးစားပေးနေရတယ်။ဒီတခေါက်ရေကြီးမှုဟာ စစ်ကောင်စီအတွက် အကျိုးအမြတ်တွေရလိုက်တယ်။ပြည်သူတွေဒုက္ခရောက်လေလေ၊ စစ်ကောင်စီကကြိုက်လေလေပဲလေ။
နိုဝင်ဘာ ၁၀၊ ၂၀၂၅။ (တနင်္လာ)
ခန့်မှန်းထားခဲ့တဲ့အတိုင်းပဲရှမ်းမြောက်မှာအပစ်ရပ်နိုင်ပြီးနောက်စစ်ကော်မရှင်ဟာတပ်တွေရွေ့ပြောင်းပြီးအခြားဒေသတွေကိုအလုံးအရင်းနဲ့ထိုးစစ်ဆင်လာပါတယ်။လက်ရှိမှာအမြင်သာဆုံးကတော့ချင်းပြည်နယ်နဲ့မန္တလေးတိုင်းမြောက်ဘက်ဒေသတွေပဲ။ဒီနှစ်ဧပြီလလောက်ကစလာတဲ့စစ်ကော်မရှင်ရဲ့တန်ပြန်ထိုးစစ်တွေဟာအခုနိုဝင်ဘာလအရောက်မှာတော့အတိုင်းအတာတစ်ခုအထိခရီးရောက်လာပြီလို့ပြောလို့ရတယ်။ဒီကာလအတွင်းမှာရှမ်းမြောက်နဲ့ကရင်ပြည်နယ်မှာစစ်ရေးအရအောင်မြင်မှုတွေရနေတယ်။ဆက်လက်ပြီးကရင်နီပြည်နယ်၊ချင်းပြည်နယ်၊မန္တလေးတိုင်း၊စစ်ကိုင်းတိုင်းတို့ကိုထိုးစစ်ဆင်နေတယ်။ကချင်ပြည်နယ်မှာတော့နှစ်ဖက်လုံးအသာစီးမရသေးပါဘူး။ဒီနှစ်ကုန်ရွေးကောက်ပွဲမတိုင်မီဆုံးရှုံးထားတဲ့နယ်မြေတွေကိုပြန်လည်ရယူနိုင်ဖို့စစ်ကော်မရှင်ကဆက်လက်ကြိုးစားဦးမှာပါ။


