နိုင်ငံတစ်ဝန်း ရေဘေးသင့်သူ ခန့်မှန်းခြေ ၆၃၁,၀၀၀ ဦးခန့် ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ သေဆုံးသူသုံးရာခန့်ရှိပြီး ပျောက်ဆုံးသူလဲ အများအပြားရှိနေပါတယ်။ အမေရိကန်နဲ့ တချို့နိုင်ငံတွေကတော့ အကူအညီတွေ ပေးအပ်သွားမယ်လို့ ပြောထားတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလဲ နိုင်ငံတကာက အကူအညီတွေယူမယ်တဲ့။ ထိုအကူအညီတွေ စစ်ကောင်စီလက်ထဲထည့်ပေးလိုက်ရင်တော့ ပြည်သူတွေဆီရောက်မှာမဟုတ်ပဲ သူတို့အိတ်ထဲသာထည့်လိုက်မှာပဲ။ အခုအချိန်ထိလဲ ပြည်သူတွေအချင်းချင်းသာကူညီနေကြရတယ်။ တချို့ဒေသတွေဆိုရင် ဘာအကူအညီမှမရကြသေးပါဘူး။
ကူညီကယ်ဆယ်ရေးအဖွဲ့တွေဘက်မှာလဲ အခက်အခဲတွေနဲ့ပါ။ စစ်ကောင်စီက ပိတ်ပင်မှုတွေပြုလုပ်နေတဲ့အပြင် ရေဘေးအလှူခံနေတဲ့KBZဘဏ် အကောင့်တချို့အပိတ်ခံနေရတယ်။ ထိုဘဏ်ကိုယ်တိုင်က စစ်ကောင်စီအလိုကျလိုက်လုပ်ပေးနေတာပါ။ စစ်ဘေးအပြင် ရေဘေးပါကြုံနေရတဲ့ ပြည်သူတွေဘဝကတော့ အတော်သနားစရာကောင်းနေပါတယ်။