ရန်ကုန်လေဆိပ်မှာ အစစ်အဆေး ၊အတားအဆီးမရှိ ပြည်ပထွက်ခွင့်ရရှိရေး VIP Service ရရှိမည်ဟုဆိုကာ ငွေလိမ်လည်မှုများ ဖြစ်ပွားနေပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်လေဆိပ်တွင် အလည်အပတ် နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်မှုများ မရှိစေရေး စိစစ်တားဆီးရန် ဩဂုတ်လမှစတင်၍ ဆောင်ရွက်ခဲ့ပြီးနောက် နေ့စဉ် ရန်ကုန်လေဆိပ်မှ ပြည်ပထွက်ခွင့် မရဘဲ လှည့်ပြန်နေရသူ များပြားလာခဲ့တယ်။ အစ ကနဦးက ပြည်ပသို့ထွက်ခွာရန် VIP Service သည် ငွေကျပ် သိန်း ၂၀ ဝန်းကျင်သာ စျေးပေါက်ပေမယ့် အခု သိန်း ၅၀ အထိ စျေးပေါက်လာတယ်။ ပီးတော့ အလိမ်အညာတွေများလာတယ်။ အထူးသဖြင့် စင်ကာပူ ဒူဘိုင်း မလေးရှားကို သွားမယ့် လူငယ်တွေ အလိမ်ခံနေရတယ်။ လိမ်တာကလည်း အေးဂျင့်တွေကနေ ၁၀၀ ရာခိုင်နှုန်း Pass ဖြစ်အောင် လုပ်ပေးမယ်ဆိုပြီး ငွေယူတယ်။ ၅ သိန်းကနေ ၁၀ သိန်းအထိ တစ်ဦးကိုတောင်းယူတယ်။ လေဆိပ်ရောက်တော့ ထွက်ခွင့်မရဘဲ လှည့်ပြန်ရတယ်။ ပြည်ပထွက်မယ့်သူက ပိုက်ဆံအရင်ပေးရတယ်။ တကယ့်တကယ်လည်း သွားရော လေဆိပ်ကနေ လှည့်ပြန်ရတယ်။ ပိုက်ဆံလည်းပြန်မရဘူး။ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေမှာ သွားပြီး အမှုဖွင့်တော့လည်း ဖွင့်မရဘူး။
အရှေ့အလယ်ပိုင်း နိုင်ငံများသို့ သွားရောက်မည့် သူများ ဒူဘိုင်း၊ UAE အစရှိသော နိုင်ငံများသို့ သွားရောက်မည့် လူငယ်များမှာ မည်သူမှ လေယာဉ်ပေါ် တက်ခွင့်မရဘဲ လေဆိပ်မှပင် လှည့်ပြန်နေရတယ်။ MAI ရဲ့ ဒူဘိုင်းဖလိုက်ဆို လူတောင်မရှိတော့ဘူး။
ထို VIP Service ကိုလဲ လူတိုင်းမရနိုင်ဘဲ စစ်အုပ်စုနှင့်နီးစပ်သူများကသာ ရရှိနေကြတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးကတော့ ရဲခွေး၊စစ်ခွေး၊လဝကခွေးတွေအတွက် လုပ်စားစရာနေရာကြီးတစ်ခု ဖြစ်လို့နေပါတယ်။